ရန်ကုန်သွားကားပေါ်တွင် ဘင်္ဂါလီနှစ်ဦးတွေ့ရှိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာပါ ဖမ်းဆီးခံရ

Photo by Kyaw Hlamyint

နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

ရန်ကုန်-စစ်တွေသို့ ပြေးဆွဲနေသော အောင်ပြည့်စုံ ခရီးသည်တင်ကားတစ်စီးပေါ်မှ စစ်တွေမှ ရန်ကုန်သို့ လိုက်ပါလာသည့် ဘင်္ဂါလီနှစ်ဦးကို ကျောက်တော်မြို့ ကစ္ဆပနဒီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းမိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာကိုပါ အရေးယူထားသလို ကားကိုပါ သိမ်းဆည်းထားသည်ဟု သတင်းရရှိသည်။

Photo by Kyaw Hlamyint

“အောင်ပြည့်စုံကားနဲ့ ပါလာတာ။ ကားတူးပေါက်ထဲကနေ ဖမ်းမိတာ။ စပယ်ယာနဲ့ ဒရိုင်ဘာကို အမှုဖွင့်ထားပြီးတော့ ကားကိုလည်း သိမ်းဆည်းထားပါတယ်”ဟု ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူးက အတည်ပြုပြောကြားသည်။

အဆိုပါ ဘင်္ဂါလီနှစ်ဦးကို တစ်ဦးလျှင် ၂၅ သိန်းကျပ် အခကြေးငွေယူပြီး တင်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖမ်းဆီးရမိသူ ၂ ဦးမှာ ဟာရူလာမီ(ခ)ဇင်မောင် ၁၇ နှစ်(ဘ)အဒူရှုကူ ၊ ကုလားကြီးကျေးရွာ နှင့် နုရာလောင်(ခ)မောင်မောင်လှ(ဘ)မာမောက်တာလီ၊ ကဝါဒီကျေးရွာ၊ စစ်တွေမြို့နယ်တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးကို လဝကဦးစီးမှ လဝကအက်ဥပဒေ ၆(၂)၆/(၃) အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖမ်းဆီးခံသည့် ယာဉ်မောင်းမှာ ဦးဇော်မျိုးအောင် (၃၃)နှစ်(ဘ)ဦးသန်းအောင်၊ ဦးအောင်ဇေယျလမ်း ၊ နဝရတ်ဈေးအနီး ရွှေပြည်သာမြို့သစ်၊ ရန်ကုန်မြို့နှင့် ယာဉ်နောက်လိုက် ဦးဇော်မင်းဦး(၃၀)နှစ် (ဘ)ဦးသန့်ဇော်ဝင်း၊ ညဈေးရပ်ကွက် ၊ တောင်ကုတ်မြို့တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးကိုလည်း ကျောက်တော်မြို့မရဲစခန်းတွင် (ပ) ၃၁၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

၎င်းဘင်္ဂါလီနှစ်ဦးကို စစ်တွေမြို့ အထွက် ဗန္ဓုလ လမ်းဆုံ မှ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara-151742128171206/
ရန်ကုန်သွားကားပေါ်တွင် ဘင်္ဂါလီနှစ်ဦးတွေ့ရှိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာပါ ဖမ်းဆီးခံရ ရန်ကုန်သွားကားပေါ်တွင် ဘင်္ဂါလီနှစ်ဦးတွေ့ရှိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာပါ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.