လှိုင်သာယာတွင် ဆိုက္ကားနင်းသူ နှစ်ဦး သတ်ခံရ


မုနိမြီ၊ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့၊ (၁၀)ရပ်ကွက်၊ နတ်မောက်လမ်းတွင် ဆိုက္ကားနင်းသူ (၂)ဦး၊ သတ်ခံရမှု ဖြစ်ပွားကြောင်း သိရှိရသည်။

၂၀၁၈ နိုဝင်ဘာ (၄)ရက်နေ့ (၉)နာရီအချိန်ခန့်တွင် ဆိုက္ကားဂိတ်အနီး အမည်မသိ လူ(၄)ဦးမှ ဆိုင်ကယ်(၂)စီးဖြင့် လာရောက်ပြီး၊ မျိုးမင်းထွန်းနှင့် ဦးတင်လတ် နှစ်ဦးတို့အား ဓါးဖြင့်ထိုးသွားခြင်း ဖြစ်ကြောင်း အနီးပတ်ဝန်းကျင်ရှိလူများမှ Munimary News Agencyသို့ ပြောကြားသည်။

မျိုးမင်းထွန်း ယာဘက်ဆီးခုံ ထိုးသွင်းဒဏ်ရာ(၁)ချက်ယာပေါင် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ဦးတင်လတ်တွင်ဝဲရင်ဘတ် ထိုးသွင်းဒဏ်ရာ(၁)ချက် ယာနံစောင်း ထိုးသွင်းဒဏ်ရာ(၁)ချက် ပေးစေ့ ပြတ်ရှဒဏ်ရာ(၁)ချက် တို့ဖြင့် အခင်းဖြစ်ပွားနေရာတွင် သေဆုံးသွားကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ လှိုင်သာယာမြို့မရဲစခန်းမှ ပ/၁၁၀၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိပြီး၊တရားခံအမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

သာခိုင်(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
လှိုင်သာယာတွင် ဆိုက္ကားနင်းသူ နှစ်ဦး သတ်ခံရ လှိုင်သာယာတွင် ဆိုက္ကားနင်းသူ နှစ်ဦး သတ်ခံရ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.