ချောင်းသာ ကြိုးဝိုင်းအတွင်း ဟိုင်းဆင်တစ်ကောင် အဆိပ်လူးမြားဖြင့် အပစ်ခံရပြီး သေဆုံ


ပုသိမ် နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကြိုးဝိုင်းအတွင်း အသက် ၁၅ နှစ် အရွယ်ခန့်ရှိ ဟိုင်းဆင်အထီးတစ်ကောင် သေဆုံးပြီး အရေခွံများ ခွာထားကြောင်း နိုဝင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တာဝန်သိ ပြည်သူများက သတင်းပေးပို့ခဲ့သည်။

သတင်းအရ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ဘိနယ်တာဝန်ခံ တောအုပ် လင်းသက်ထွန်းနှင့်အဖွဲ့သည် သစ်တောလုံခြုံရေးအဖွဲ့၊EER 4 (အရေးပေါ် ကွန်ဂျီဆင်များအဖွဲ့)၊ ချောင်းသာနယ်မြေစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝ္ဏအောင် ဦးစီးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ကြီး-ရွှေသောင်ယံလမ်းအတိုင်း ထွက်ခွာခဲ့ကြရာ ယင်းနေ့ ၃ နာရီခန့်တွင် ချောင်းသာကြိုးဝိုင်း အကွက်အမှတ် (၄) ဒေသ အခေါ် အောင်ကောင်းချောင်းအတွင်း အရေခွံများခွာထားသည့် ဟိုင်းဆင် အသေအား တွေ့ရှိခဲ့ရသည်။

သေဆုံးလျက်တွေ့ရှိရသော ဟိုင်းဆင်အထီးမှာ အလျား ခုနစ်ပေ၊ လုံးပတ် ၁၁ ပေ၊ အမြင့် ရှစ်ပေ၊ အသက် ၁၅ နှစ်ခန့်ရှိပြီး ရှေ့ယာဘက် လက်ပြင်၌ အဆိပ်လူးမြားဒဏ်ရာ တွေ့ရှိခဲ့ရသည်။ အဆိုပါဟိုင်းဆင်မှာ နိုဝင်ဘာ ၂၄ ရက်က သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကိုလွင် (ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ချောင်းသာ ကြိုးဝိုင်းအတွင်း ဟိုင်းဆင်တစ်ကောင် အဆိပ်လူးမြားဖြင့် အပစ်ခံရပြီး သေဆုံ ချောင်းသာ ကြိုးဝိုင်းအတွင်း ဟိုင်းဆင်တစ်ကောင် အဆိပ်လူးမြားဖြင့် အပစ်ခံရပြီး သေဆုံ Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.