တောင်ကြီး တန်ဆောင်တိုင် ယာဉ်ရပ်နားခ ကားတစ်စီး ကျပ် ၁ သောင်းအထိ ပေးဆောင်နေရ


တောင်ကြီး ၊ နိုဝင်ဘာ -၁၉

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ယာဉ်ရပ်နားခ ကားတစ်စီးကို ကျပ် ၁သောင်းအထိ ပေးဆောင်နေရတယ်လို့ တန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူတွေက ပြောပါတယ်။

ယာဉ်ရပ်နားခ အဖြစ် ကားတစ်စီးကို အနည်းဆုံး ကျပ် ၅၀၀၀ကနေ ကျပ် ၁၀၀၀၀ အထိ ကောက်ခံနေတာဖြစ်ပြီးတော့ အခုလို ဈေးမြှင့်ကောက်ခံနေတဲ့အတွက် ပွဲလာလည်သူတွေ ယာဉ်ရပ်နားခ ၀န်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့လည်း တောင်ကြီးဒေသခံ အချို့ကပြောပါတယ်။

" မနေ့ညက ပွဲလည်တယ်၊ ကား အပ်ခ တစ်စီး ၁ သောင်းတောင်းတယ်၊ မပေးရင် မရဘူးပြောတယ်၊ ဒီလို ကျပ် ၁သောင်းကောက်တာ ကို ဘာလို့ ပွဲကျင်းပရေးဦးစီးကော်မတီက အရေးမယူလည်း သိချင်တယ် "လို့ ယာဉ်ရပ်နားခ ကျပ်တစ်သောင်းပေးဆောင်ခဲ့ရတဲ့ ဦးစိုင်းခင်မောင်တင့် ကပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပတဲ့ အဝေယာ မီးပုံးပျံကွင်းမှာ ကား၊ဆိုင်ကယ် ရပ်နားခွင့် လုပ်ကိုင်တဲ့ နေရာ ၁၀ခုခန့်ရှိနေပြီးတော့ သတ်မှတ်ဈေးနှုန်းထက်ပိုမိုကောက်ခံနေတာတွေကို ပွဲကျင်းပရေးဦးစီးကော်မတီ အနေနဲ့ စိစစ် အရေးယူကြတ်မတ်သင့်တယ်လို့လည်း တောင်ကြီးဒေသခံတွေကပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ကား၊ဆိုင်ကယ် ယာဉ်ရပ်နားခ ကောက်ခံခွင့်ရရှိတဲ့ ကန်ထရိုက်အနေနဲ့ဆိုင်ကယ်တစ်စီးလျင် ကျပ် ၁၀၀၀၊ ယာဉ်မော်တော်ကား တစ်စီးလျင် ကျပ် ၃၀၀၀ ထက်ပိုမိုကောက်ခံခြင်းမပြုလုပ်ဖို့ လေလံစည်းမျည်းထဲမှာဖော်ပြထားပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲကို နိုဝင်ဘာလလ ၁၄ ရက်နေ့ကနေ နိုဝင်ဘလ ၂၃ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင်ကျင်းပလျက်ရှိနေပြီး နေ့လွှတ်အရုပ်၊ ညမီးကြီး ၊စိန်နားပန် မီးပုံးပျံအလုံးရေ ၄၀၀ကျော် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

သတင်း - နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီး တန်ဆောင်တိုင် ယာဉ်ရပ်နားခ ကားတစ်စီး ကျပ် ၁ သောင်းအထိ ပေးဆောင်နေရ တောင်ကြီး တန်ဆောင်တိုင် ယာဉ်ရပ်နားခ ကားတစ်စီး ကျပ် ၁ သောင်းအထိ ပေးဆောင်နေရ Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.