လက်သီးချင်းထိုးရာမှ လူသေမှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၆၁) ရပ်ကွက်ဂီတဗိမ္မာန်အဆောက်အဦအနီး မြနန္ဒာလမ်းမပေါ်တွင် နိုဝင်ဘာ(၂၅)ရက်မွန်းလွဲ(၂း၃၀)ခန့်က လူတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း ခေတ္တစခန်းမှူး ကျော်ကျော်ဝင်း နှင့်သက်သေရာအိမ်မှူး ဦးအောင်မိုးခိုင်၊ဦးမင်းသူတို့နှင့်အတူသွားရောက်စစ်ဆေးရာ ငစိုင်း(ခ)မြင့်နိုင်ဦး ဆိုသူသည် ၀ဲပါးပွန်းပဲ့ဖူးရောင် ဦးခေါင်းနောက်ဘက်ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးနေပြီး သေဆုံးသူ၏အနီးတွင် ၀တုတ်(ခ)ဇော်ဇော်နိုင်အားတွေ့ရှိခဲ့ရသည်။

ဝတုတ်(ခ)ဇော်ဇော်နိုင်အားမေးမြန်းစစ်ဆေးရာ ထိုနေ့မွန်လွဲ ၁ နာရီခန့်က ၄င်းပိုင်ဆိုင်ကယ် DAYANG-125.နီ/နက် ရောင်ဖြင့် ကယ်ရီဆွဲရန်ထွက်လာစဉ် ဧရာဝဏ်လမ်းမပေါ်အရောက်
တစ်ရပ်ကွက်တည်းနေ ငစိုင်း(ခ)မြင့်နိုင်ဦး မှယုဇနဥယျာဉ်မြို့တော်ဘက်သို့လိုက်ပါပို့ဆောင်ရန်ငှါးရမ်းသဖြင့်လိုက်ပါပို့ဆောင်ခဲ့ကြောင်း အမှတ်(၆၁)ရပ်ကွက် မြနန္ဒာလမ်း ဂီတဗိမ္မာန်အဆောက်အဦ ရှေ့ အရောက်တွင် ငစိုင်းက အပေါ့သွားမည်ပြောသဖြင့်ရပ်ပေးခဲ့ကြောင်း ငစိုင်း ကအပေါ့သွားပြီးပြန်လာကာ မပြောမဆို သူ့အားလက်သီးဖြင့်ထိုးကြောင်း ထို့ကြောင့်၎င်းကပြန်လည်ထိုးကြိတ်ရာ ပက်လက်လန်လဲကျသွားပြီးနောက်စေ့နှင့်ကွန်ကရစ်လမ်းရိုက်မိပြီး သေဆုံးခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။

စုံစမ်းသိရှိရပြီးနောက် ရဲအုပ်ကျော်ကျော်ဝင်းနှင့်သက်သေများသည် ငစိုင်း၏အလောင်းအားသင်္ကန်းကျွန်းစံပြဆေးရုံကြီးသို့ ပိုဆောင်အပ်နှံရာ(PR.80)ဖြင့်လက်ခံထားရှိခဲ့သည်။

ထို့ကြောင့် ၀တုတ်(ခ)ဇော်ဇော်နိုင်၊အသက်(၃၂)နှစ် ၊ အမှတ်(၆၀) ရပ် ကွက်ငွေရတနာလမ်း(ကျူး)၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တွင်နေထိုင်သူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မ
ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားကြောင်းသတင်းရရှိသည်။

မင်းမင်း(ဆိပ်ကမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

လက်သီးချင်းထိုးရာမှ လူသေမှုဖြစ်ပွား လက်သီးချင်းထိုးရာမှ လူသေမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.