သီပေါမြို့၌ ခိုက်ရန်ဖြစ်ပွားသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက်၊ ၉၁ လက်ပစ်ဗုံးနှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဓာတ်ပုံ- ရဲပြန်ကြား

နေပြည်တော် ၁၄ နိုဝင်ဘာ

နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲက သီပေါမြို့၊ ဈေးရပ်ကွက်နေ တင်ကိုကို (ခ) အင်တူး (၅၀)နှစ်သည် ပန်းတိမ်မြောက်ရပ်ကွက်နေ ဒေါ်ခင်ရွှေ (၆၁)နှစ်၏ နေအိမ်သို့ရောက်ရှိလာပြီး အုတ်/သဲဝယ်ယူရာ မရောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ခင်ရွှေ အား အသင့်ယူဆောင်လာသော ၉ လက်မခန့်ရှိ သံတူဖြင့် ရိုက်နှက်နေစဉ် ဒေါ်ခင်ရွှေ၏ တူဖြစ်သူ မောင်မောင်ကျော်ဝင်း (၃၄)နှစ်က သံတူအားလုံးထွေးလုယူပြီး ပြန်လည်ရိုက်နှက်ခဲ့ကြောင်း၊ တင်ကိုကို (ခ) အင်တူးမှ ခါးကြားရှိ ပစ္စတိုသေနတ်(စိစစ်ဆဲ)ဖြင့် ပြန်လည်ပစ်ခတ်ရာ ကျည်မထွက်၍ ထွက်ပြေးသွားခဲ့ပြီး ဒေါ်ခင်ရွှေတွင်ဦးခေါင်း၊ ယာလက်ဖူးရောင်ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)နှင့် မောင်မောင်ကျော်ဝင်းတွင် ဝဲနားဖူး၊ ယာလက်မောင်း၊ လက်ဖျံဖူးရောင် ပေါက်ပြဲဒဏ်ရာများ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်းနှင့် အရေးယူပေးရန် တိုင်တန်းချက်အရ တင်ကိုကို (ခ) အင်တူးအား သီပေါမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တင်ကိုကို (ခ) အင်တူးအား လိုက်လံဖမ်းဆီးရာ ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ၎င်း၏နေအိမ်၌ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ယာလက်သန်း ဖူးရောင်ဒဏ်ရာများ (မစိုးရိမ်ရ)ဖြင့် ဖမ်းဆီး ရမိသဖြင့် သီပေါပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ စစ်ဆေးချက်အရ အခင်းဖြစ်စဉ်က ကိုင်ဆောင်ခဲ့သည့် သေနတ်အား သီပေါမြို့၊ အနောက်ရပ်ကွက်နေ ဦးဝင်း မြင့် (၆၂)နှစ်၏ နေအိမ်နောက်ရှိ ဆိတ်မွေးမြူရေးခြံအတွင်း ဝှက်ထားခဲ့ကြောင်း သိရှိ ရ၍ သွားရောက်ရှာဖွေရာ ပီနံအိတ်ဖြင့် ထည့်ထားသည့် ပစ္စတိုသေနတ် ၁ လက်၊ ၉ မမကျည် ၁၇ တောင့်၊ ပွိုင့် ၂၂ ကျည် ၉ တောင့်၊ ပွိုင့် ၃၀ ကာဘိုင်ကျည် ၃၁ တောင့်၊ အမျိုးအစား-စိစစ်ဆဲကျည် ၁၆ တောင့်၊ ၉၁ လက်ပစ်ဗုံး ၂ လုံး (စနစ်တံပါ)၊ တံဆိပ်ပါ ယူနီဖောင်း ၁ စုံ၊ ပစ္စတိုချိုင်းလွယ်အိတ် ၂ အိတ်နှင့် အရှည် ၁၃ ပေခန့်ရှိ နိုင်လွန်ကြိုး ၂ ချောင်းတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ 

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
သီပေါမြို့၌ ခိုက်ရန်ဖြစ်ပွားသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက်၊ ၉၁ လက်ပစ်ဗုံးနှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ သီပေါမြို့၌ ခိုက်ရန်ဖြစ်ပွားသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုသေနတ်တစ်လက်၊ ၉၁ လက်ပစ်ဗုံးနှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 02:29 Rating: 5
Powered by Blogger.