တောင်ဥက္ကလာပမြို့နယ်တွင် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန် နိုဝင်ဘာ ၇
=============
တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ဥက္ကလာပ မြို့နယ် သံသုမာလမ်းနှင့် ပါရမီ လမ်းထောင့်၌ ယနေ့နံနက် ၂ နာရီဝန်းကျင်ခန့်က ဘေလီတံတား အတိုင်း ပါရမီလမ်းဘက်သို့ ဆင်း လာသောမြေသယ်ယာဉ်မှသံသုမာ လမ်းအတိုင်း ဖြတ်သန်းမောင်းနှင် နေသောHonda Civic ယာဉ်အား မီးပွိုင့်အရောက်တွင် ကန့်လန့်ဖြတ် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီးယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရ၍ မိုးစေတနာပရဟိတအသင်း(ရန်ကုန်) နှင့်တောင်ဥက္ကလာပမြို့နယ် မီး သတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ် ကြောင့်Honda Civic ယာဉ်ပေါ် ပါသူနှစ်ဦးအနက် ဒဏ်ရာရသူ တစ်ဦးအား ဆေးရုံသို့သယ်ဆောင် သွားပြီး ကျန်တစ်ဦး(ယာဉ်မောင်း) မှာ ယာဉ်အတွင်းညပ်နေပြီး သေဆုံးနေသောကြောင့် မိုးစေတနာ ပရဟိတအသင်း(ရန်ကုန်)နှင့်တောင် ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များက ပူးပေါင်းကာရှာဖွေ ကယ်ဆယ်မှုများဆောင်ရွက်ခဲ့ပြီး ရွှေသန်လျင်နာရေးကူညီမှုအသင်း မှယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/pg/uniondaily.net
တောင်ဥက္ကလာပမြို့နယ်တွင် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွား တောင်ဥက္ကလာပမြို့နယ်တွင် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.