(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပစဉ် သီရိကွင်းအတွင်း ခါးပိုက်နှိုက်များ ဖမ်းဆီးရမိ


ဘားအံမြို့၊ နိုဝင်ဘာလ ၁၀

၂၀၁၈ ခုနှစ်၊ (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်အား ဘားအံမြို့၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျက်ရှိရာ နေ့စဉ် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ဦးစီးပြီး လုံခြုံရေးဆောင်ရွက်ခဲ့ပါသည်။


အောက်တိုဘာ ၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်စဉ် ပွဲတော်ကျင်းပရာသီရိကွင်း၌ မသင်္ကာ၍ စစ်ဆေးရှာဖွေရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေသူ မစန်းနုအောင်၏ လက်ကိုင်ပိုက်ဆံအိတ်အတွင်း အခြားလာရောက် လည်ပတ်သူများထံမှ နှိုက်ယူထားသော လက်ကိုင်ဖုန်း (၄)လုံးနှင့် မှတ်ပုံတင်(၂)ခု၊ အငယ်လေး(ခ)မီးမီး၏ လက်ကိုင်ပိုက်ဆံအိတ်အတွင်းမှ လက်ကိုင်ဖုန်း(၂)လုံးနှင့် ငွေ(၄)သောင်းကျပ်တို့နှင့်အတူ သိမ်းဆည်းရမိခဲ့ပါသည်။


ဆက်လက်၍ ပွဲတော်အတွင်းသို့ ၄င်းတို့နှင့်အတူ လာရောက်လည်ပတ်သူများဖြစ်ကြသော ဘိုကီး(ခ)ကျော်မင်းထွန်းနှင့် ဇော်လတ်(ခ) ဇော်နိုင်တို့ (၂)ဦးထံမှ လက်ကိုင်ဖုန်း(၆)လုံးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပစဉ် သီရိကွင်းအတွင်း ခါးပိုက်နှိုက်များ ဖမ်းဆီးရမိ (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပစဉ် သီရိကွင်းအတွင်း ခါးပိုက်နှိုက်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.