စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး ပူးပေါင်ဖြေရှင်းကြဖို့ သမ္မတ တိုက်တွန်း

သမ္မတ ဦးဝင်းမြင့် ကို တွေ့ရစဉ်
ငြိမ်းချမ်းရေးလုပ်ငန်းမှာ တွေ့ကြုံရမယ့် အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားတွေအားလုံး ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ကရင်ပြည်နယ်နေ့အတွက် သမ္မတက ပေးပို့တဲ့ သ၀ဏ်လွှာမှာ အရင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာ အခုဆိုရင် သေနတ်သံတွေ တိတ်သလောက်ဖြစ်နေ ပြီလို့လည်း ပါရှိပါတယ်။

ကရင်ပြည်နယ်က တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အစိုးရဦးဆောင် မှုနဲ့အတူ ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ်လက်တွဲမှုနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဖံွ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်ကို ကရင်ပြည်သူတွေ ခံစားနေရပြီလို့ သမ္မတက ပြောထားပါတယ်။

ဒါ့အပြင် ရေရှည်မှာလည်း ဖံွ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာစေဖို့အတွက် လက်တွဲကြိုးပမ်း အကောင်အထည်ဖော်ကြဖို့ ဦးဝင်းမြင့်က တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး ပူးပေါင်ဖြေရှင်းကြဖို့ သမ္မတ တိုက်တွန်း စိန်ခေါ်မှုတွေကို အစိုးရနဲ့အတူ တိုင်းရင်းသားအားလုံး ပူးပေါင်ဖြေရှင်းကြဖို့ သမ္မတ တိုက်တွန်း Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.