ကျောက်မဲမြို့၌ နွားများသယ်ဆောင်လာသော ၁၂ ဘီးယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံရ


ကျောက်မဲ၊နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု၊ ပေါက်အင်းလေးကျေးရွာလမ်းခွဲတွင် နိုဝင်ဘာ၂၉ ရက် ည ၇ နာရီခွဲကျော်ခန့်က နွားများသယ်ဆောင်လာသော ၁၂ ဘီးယာဉ် တစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံ ခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ WORLD MANကုမ္မဏီ၏ တရားဝင်နွားများသယ်ဆောင်ခွင့် အထောက်အထားများဖြင့် ၁၂ ဘီးယာဉ် ၅ စီးသည် နွားများတင်ဆောင်၍ တောင်ငူမြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာစဉ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၃/ ၁-၂) ကြား ကျောက်မဲမြို့နယ်၊ စခန်းသာကျေးရွာအုပ်စု ၊ ပေါင်အင်းလေးကျေးရွာလမ်းခွဲအရောက် ယာဉ်မောင်း ဦးသန်းတင်၊ မိတ္ထီလာမြို့နေသူ မောင်းနှင်လာသော9p/........ Nissan အမျိုးအစား ၁၂ ဘီးယာဉ်အား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတွင် ယာဘက်လက်မောင်းနှင့် ယာဘက်နားရွက် ပေါက်ပြဲဒဏ်ရာ ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ယာဉ်နောက် လိုက်နှင့်နွားထိန်းတို့မှာလည်း ဒဏ်ရာအသီးသီး(မစိုးရိမ်ရ)ရရှိခဲ့ပြီး ထွက်ပြေးလာခဲ့ကာ ကျောက်မဲပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။ ယာဉ်ပေါ်တွင် သယ်ဆောင်လာ သောနွားများအနက် နွား ၄ ကောင်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ