ပီရူး နိုင်ငံ တွင် ခရီးသည်တင်ယာဉ်ချင်း တိုက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံး အများအပြား ဒဏ်ရာရရှိ

ပီရူး နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်မတော်တဆမှု တစ်ခု တွင် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)
လီမာ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

 ပီရူး နိုင်ငံ အရှေ့တောင်ပိုင်း Puno ပြည်နယ် တွင် နိုဝင်ဘာ ၄ ရက် ညပိုင်း အချိန် ၌ ဆိုးရွားသော ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ပီရူး နိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ Puno ပြည်နယ် Desaguadero တွင် အဝေးပြေး ခရီးသည်တင် ယာဉ် တစ်စင်း နှင့် မျက်နှာချင်းဆိုင် မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်ငယ် တစ်စင်း တို့က ခေါင်းချင်းဆိုင် တိုက်မှု ဖြစ်ပွား  ခဲ့ပြီး ယာဉ်နှစ်စင်းလုံး တိမ်းမှောက်သွား ခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် အချင်းဖြစ်ပွားသည့် လူပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁၂ ဦး မှာ အမျိုးသမီးများဖြစ်ကြကာ ၁ ဦး မှာ ကလေးငယ် ဖြစ်ကြောင်း သိရှိရသည်။

ကနဦး စစ်ဆေးချက်များအရ အချင်းဖြစ်ပွားစဉ် ခရီးသည်တင်ယာဉ်ငယ် က လမ်းပြောင်းပြန်မောင်းနှင် ခဲ့ကြောင်း တွေ့ရှိရပြီး အချင်းဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ် အား ဆက်လက်စုံစမ်းနေကြောင်း သိရှိရသည်။

ပီရူး နိုင်ငံ သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် က ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွား သည့် နိုင်ငံ များတွင် တစ်နိုင်ငံ အပါအဝင် အဖြစ် သတ်မှတ် ခံခဲ့ရကာ ယာဉ်အခြေအနေ မကောင်းမွန်မှု ၊ လိုင်စင်မဲ့ ယာဉ်မောင်းနှင်မှု နှင့် အခြားစည်းကမ်းမလိုက်နာမှုများကြောင့် ပီရူး နိုင်ငံ တွင် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ပီရူး နိုင်ငံ တွင် ခရီးသည်တင်ယာဉ်ချင်း တိုက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံး အများအပြား ဒဏ်ရာရရှိ ပီရူး နိုင်ငံ တွင် ခရီးသည်တင်ယာဉ်ချင်း တိုက်မှု ဖြစ်ပွား အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံး အများအပြား ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.