အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် သုတ်သင်

Photo: Munir UZ ZAMAN / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေး အစွန်းရောက်မှုမရှိဘဲ တိုးတက်တဲ့အမြင်ရှိသူတွေကို ရှာဖွေသတ်ဖြတ်လေ့ရှိတဲ့ JMB ခေါ် မွတ်စလင်အစွန်းရောက်အဖွဲ့ရဲ့ အကြီးအကဲကို သုတ်သင်လိုက်ပြီလို့ ရဲတပ်ဖွဲ့က ဒီကနေ့ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။ အဲဒီ Khorshed Alam ခေါ်ရှက် အလန် ဆိုသူကို နိုင်ငံ မြောက်ပိုင်းက မြို့တမြို့မှာ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဒါကာမြို့က ကော်ဖီဆိုင်တခုမှာ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က အကြမ်းဖက်အဖွဲ့တခုက နိုင်ငံခြားသားအများစုပါဝင်တဲ့ လူ ၂၂ ယောက်ကို ဝင်ရောက်သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်းမှာ ရဲတပ်ဖွဲ့က အစွန်းရောက်အကြမ်းဖက်သမား ၈ဝ ကို ခြေမှုန်းသုတ်သင်ခဲ့တယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် သုတ်သင် အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် သုတ်သင် Reviewed by THITHTOOLWIN on 10:24 Rating: 5
Powered by Blogger.