ပါဒဝချောင်းအတွင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ


ကျောက်တန်း နိုဝင်ဘာ ၅

နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲခန့် ကျောက်တန်းမြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမင်းထက် တာဝန်ထမ်းဆောင်နေစဉ် ကျောက်တန်း မြို့နယ်၊ဆင်ကန်ရပ်ကွက်၊ အရှေ့ဘက် (၅)ဖာလုံခန့်ကွာ ပါဝချောင်း အတွင်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးနေကြောင်း ဆယ်အိမ်မှူး ဦးသံချောင်းမှ ဖုန်းဆက်အကြောင်းကြားလာသဖြင့် စခန်းမှူး ဒုရဲမှူး နိုင်နိုင်ငြိမ်း၊ ဒုရဲအုပ် စိုးထွန်းနိုင်၊ဒုရဲအုပ် ရဲသိန်းဌေး၊ ဒုရဲအုပ် ရဲမင်းထက် ဦးဆောင်သော ရဲတပ်ဖွဲ့နှင့် သက်သေ အုပ်ချုပ်ရေးမှူး ဦးညွှန့်ဝင်း၊ဆယ်အိမ်မှူး ဦးသံချောင်း(ခ) ခင်မောင် တို့နှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ ဆင်ကန်ရပ်ကွက်၊အရှေ့ဘက် (၅)ဖာလုံခန့်ကွာ ပါဝချောင်း အတွင်းတွင်အကျယ်ပေ(၅၀)ခန့်၊အနက်(၁၅) ပေခန့်ရှိ ပါဒဝချောင်းရိုးအလယ်တွင် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ရေနစ်မြှုပ်သေဆုံးသည့် လက္ခဏာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသည်။

 သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာကိုအတည်ပြုခဲ့ရာ ကျောက်တန်းမြို့၊ ဆင်ကန်ရပ်ကွက်၊အောင်ချမ်းသာ(၁)လမ်းနေ ဦးတင်အောင်မိုး(ခ)ဖိုးဆောင်းမှ ၎င်း၏ ညီဖြစ်သူ အောင်သီဟမိုး (ခ)အော်ကုလား သည်လွန်ခဲ့သော(၅)ရက်ခန့်က ပျောက်ဆုံးနေ သည်ကို ဆင်ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့အကြောင်းကြား ထားရှိကြောင်း၊ ယခုတွေ့ရှိသည့်အမျိုးသားအလောင်းမှာလည်း ပျောက်ဆုံးနေသည့် ၎င်း၏ညီဖြစ်သူ အောင်သီဟမိုး(ခ)အော်ကုလား (၄၁)နှစ်အမှတ် (၄၉၀)အောင်ချမ်းသာ(၁)လမ်း၊ ဆင်ကန်ရပ်ကွက်၊ ကျောက်တန်းမြို့နေသူဖြစ်ကြောင်း။

၎င်းမှာ အရက် အလွန်အကျွံသောက်သုံးတတ်သူတစ်ဦးဖြစ်ပြီး အရက်ကြောင်ကြောင်နေကြောင်း ၊ မည်သူနှင့်မှရန်ငြိုးရန်စမရှိကြောင်း အတည်ပြု ပြောပြသိရှိရသဖြင့် အလောင်းအား ရဲဆေးစာပြုလုပ်ပြီး ကျောက်တန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်အပ်နှံထားရှိပြီး (PR) မရှိဖြင့် လက်ခံစစ်ဆေးပြီးဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ် ရဲမင်းထက်မှ တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ကျောက်တန်းမြို့မရဲစခန်းမှ အမှုစစ် စခန်းမှူး ဒုရဲမှူး နိုင်နိုင်ငြိမ်းမှ သေမှုသေခင်း အမှတ်စဉ် ၂၃ /၂၀၁၈ ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး အမှုအား စခန်းမှူး ဒုရဲမှူး နိုင်နိုင်ငြိမ်းမှ တရားလိုနှင့် အခင်းဖြစ်အရပ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေဆွဲခြင်း၊ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခြင်း၊ ပတ်ဝန်းကျင် သက်သေတို့ကို စစ်ဆေးနေကြောင်းနှင့် ကျောက်တန်းမြို့နယ်တရားရုံးသို့ အမြန် တရားဆွဲတင် ရေးဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပါဒဝချောင်းအတွင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ ပါဒဝချောင်းအတွင်းတွင် ရေနစ်သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.