ခယ်မဖြစ်သူအား သာမယားအဖြစ်ပြုကျင့်သည့် ခဲအိုအား မိုးကောင်းရဲစခန်း၌ အရေးယူထား


မိုးကောင်း နိုဝင်ဘာ ၃

ကချင်ပြည်နယ် မိုးကောင်းမြို့၌ နိုဝင်ဘာ၂ရက်က ခယ်မဖြစ်သူအား သားမယားအဖြစ် ပြုကျင့်မှုပေါ်ပေါက်ခဲ့၍ မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့၊အလယ်ရပ်ကွက်တွင်နေထိုင်သည့် အသက်(၁၃)နှစ်အရွယ် သတ္တမတန်းကျောင်းသူ မ××××သည် နေမကောင်း၍ ကျောင်းမသွားသဖြင့် မိခင်ဖြစ်သူမှ ဆေးရုံသို့ပြကြည့်ရာ ကိုယ်ဝန်လေးလရှိပြီဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

မိခင်ဖြစ်သူမှ မ××××အားမေးမြန်းကြည့်ရာ ဇူလိုင်လ ရက်မမှတ်မိက နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အစ်မဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်ပေါ်မှဆင်းနေသည့် အစ်မ၏ခင်ပွန်း အောင်ဇော်(ခ)အေးဂျိုး(၃၈)နှစ်ရောက်လာပြီး အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကာ တစ်ခြားသူတွေကိုလျှောက်ပြောရင် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး နောက်သုံးရက်ခန့်အကြာတွင် တစ်ကြိမ်ထပ်မံပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့၍ မိခင်ဖြစ်သူက မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ဇော်(ခ)အေးဂျိုးအား မိုးကောင်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
ခယ်မဖြစ်သူအား သာမယားအဖြစ်ပြုကျင့်သည့် ခဲအိုအား မိုးကောင်းရဲစခန်း၌ အရေးယူထား ခယ်မဖြစ်သူအား သာမယားအဖြစ်ပြုကျင့်သည့် ခဲအိုအား မိုးကောင်းရဲစခန်း၌ အရေးယူထား Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.