ကိုးပင်-သာဂရကားလမ်း၌ ဆိုင်ကယ်မောင်းနှင်နေသူအား ဆင်က အစွယ်ဖြင့်လိုက်ထိုး၍ သေဆုံး


ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၂

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရကားလမ်းတွင် နိုဝင်ဘာ ၁၁ ရက်က ဆိုင်ကယ်မောင်းနှင်နေသည့် အမျိုးသား တစ်ဦးအား ဆင်က အစွယ်ဖြင့်လိုက်လံထိုးခဲ့၍ သေဆုံးသွားခဲ့ကြောင်း ကိုးပင်နယ်မြေရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ(၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ကန်ချောင်းကျေးရွာ၊ ဘန်းကုန်းတဲတိုက်၊ ဆင်စားကျက်အနီး ဖြတ်သန်းသွားသော ဆိုင်ကယ် မောင်းနှင်လာသူအား ဆင်မှ အစွယ်ဖြင့်ထိုး၍ သေဆုံးသွားကြောင်း သတင်းအရ ကိုးပင်နယ်မြေ ရဲစခန်းမှူး ရဲအုပ် မျိုးညွန့် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၎င်းနေ့ မွန်းလွဲ(၃)နာရီ(၄၅)မိနစ်အချိန် ကိုးပင်-သာဂရ ကားလမ်းအတိုင်း ကိုးပင်ရွာဘက်မှ သာဂရဘက်သို့ အေးမင်းထွန်း၊၃၅နှစ်၊ကြံစုရွာ၊ တောင်တွင်းကြီးမြို့နယ် နေသူသည် ၃၄ယ/၉၄၄၃၄ Luojia -110 အနက်ရောင်ဆိုင်ကယ်အားမောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၅၈/၃ နှင့် ၅၈/၄ ကြား ကန်ချောင်းကျေးရွာ၊ ဘန်းကုန်းတဲတိုက်၊ ဆင်စားကျက်အနီးအရောက်တွင် ဆင်စားကျက်အတွင်း ဘန်းကုန်းဆင်စခန်းမှ လွှတ်ကျောင်းထားရှိသည့် ဆင်(၇) ကောင်အနက် ဆင်အမည် စိန်တိုးဝင်း၊၁၅နှစ်၊အစွယ်(၁)ပေ (၁၁)လက်မ၊မှတ်ပုံတင်အမှတ် ထီး/စုံ-၆၇၅၉၊ အနက်ရောင်ဆင် မှ အစွယ်ဖြင့်လိုက်လံထိုးသောကြောင့် အေးမင်းထွန်းတွင် ယာဘက် ဝမ်းဗိုက် မှ ကျောအထိ ပေါက်ကာ အူများထွက်လျှက်သေဆုံး နေသည်ကို စန်းဝင်း၊၃၈နှစ်၊ဝါးခုတ်၊ဇီးတောကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူမှ စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိခဲ့ခြင်းဖြစ်သည်။ အေးမင်းထွန်း သေဆုံးမှုနှင့် ပတ်သက်၍ ရဲအုပ် မျိုးညွန့် မှ သတင်းပေး တိုင်ကြားခဲ့၍ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်နယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကိုးပင်-သာဂရကားလမ်း၌ ဆိုင်ကယ်မောင်းနှင်နေသူအား ဆင်က အစွယ်ဖြင့်လိုက်ထိုး၍ သေဆုံး ကိုးပင်-သာဂရကားလမ်း၌ ဆိုင်ကယ်မောင်းနှင်နေသူအား ဆင်က အစွယ်ဖြင့်လိုက်ထိုး၍ သေဆုံး Reviewed by THITHTOOLWIN on 21:14 Rating: 5
Powered by Blogger.