ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းပန်းဆိုင်အနိုင်ရရှိ


မန္တလေး-၃ နိုဝင်ဘာ

ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းပန်းဆိုင်အနိုင်ရရှိကြောင်း မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသိရသည်။

မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ ၅ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းပန်းဆိုင်က အနိုင်ရှိခဲ့ကြောင်းသိရသည်။

"လက်ရှိအချိန်ထိ ပေါင်းထားတဲ့စာရင်း ၇၀၀၀ ပါ။မဲရုံအသေးတွေကစာရင်းတွေ မပေါင်းရသေးပါဘူး''ဟု မန္တလေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးတင်ကိုကို ကပြောသည်။

ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲပေးခွင့်ရှိသူ ၄၂၄၆၃ ရှိပြီးမဲရုံ ၃၆၄ ရုံ ဖွင့်လှစ်ခဲ့သည်။

ဦးစိုင်းပန်းဆိုင်သည် ကြူကုတ်တွင်မွေးဖွားပြီး မူဆယ်တွင်နေထိုင်ကြီးပြင်းခဲ့သည်။မန္တလေးတက္ကသိုလ်မှာစိုက်ပျိုးရေးနဲ့ဘွဲ့ရှိခဲ့ပြီး လက်ရှိအချိန်မှာ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။


အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ