လှိုင်သာယာစက်မှုဇုန် (၂) အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား

၁၆၄၊ ဓာတ်ပုံ- သစ္စာ

ရန်ကုန် နိုဝင်ဘာ ၂ဝ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိMan Sum (Myanmar)အထည်ချုပ်စက်ရုံတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၇ စီး၊ အထောက်အကူ ပြုယာဉ် ၁၁ စီး၊ မီးသတ်စက်ယာဉ် တစ်စီးနှင့် ကွပ်ကဲမှုယာဉ် ခုနစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၇ မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်ရမှု အကြောင်းရင်းကို မသိရှိရသေးကြောင်း နှင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။

စက်ရုံများ မကြာခဏမီးလောင်မှု နှင့် ပတ်သက်၍ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ''ဒဂုံဆိပ်ကမ်း စက်မှုဇုန် (၃) မှာ လုပ်ဆောင်ထားတဲ့ ဂါလန် နှစ်သိန်းဆံ့တဲ့ ရေကန်ကနေ ဘားဖွင့် တာနဲ့ အော်တိုစက်လည်ပြီး ရေတွန်းတဲ့ စနစ်ပုံစံမျိုး စက်မှုဇုန်တိုင်းမှာ လုပ် ဆောင်နိုင်ရင် သိပ်ကောင်းမှာပါ။ လှိုင်သာယာစက်မှုဇုန်တွေမှာ ရေစုပ် နိုင်တဲ့ ပန့်တွေ အသင့်ထားရှိဖို့ လိုပါပြီ။ မီးနည်းရင် စက်ရုံရေနဲ့နိုင်ပေမယ့် မီးများလာရင် ရေအလျဉ်မမီတဲ့အတွက် နစ်နာဆုံးရှုံးမှုတွေ များနေတာ တွေ့ရ ပါတယ်'' ဟု ပြောကြားသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လှိုင်သာယာစက်မှုဇုန် (၂) အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား လှိုင်သာယာစက်မှုဇုန် (၂) အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.