ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့်မီးကူးစက်လောင်ကျွမ်းမှုဖြစ်


နတ်တလင်း နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့-မြို့မရပ်ကွက်၊ဗိုလ်ရုံလမ်းရှိဝါးဖြင့်ပြုလုပ်ထားသည့်ဝါး/နှီး/ခြင်းတောင်း/ဦးထုပ်/ဖိနပ်ပစ္စည်းများသံဖြင့်ပြုလုပ်ထားသည့် လယ်ယာ သုံးပစ္စည်းများရောင်းချသည့်ဆိုင်ခန်း(၃)ခန်းတွဲ အလျား၁၈ပေ ၊ အနံ ၁၂ပေပျဉ်ကာသွပ်မိုးတစ်ထပ်ဆိုင်ခန်းကို နိုဝင်ဘာလ၆ရက်နေ့ ည၉နာရီခွဲ၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

အခင်းဖြစ် အရပ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင် မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးဝင်းနိုင် နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ် ဦးစီးဌာနဒုတိယဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် သန္ဓေအရန် မီးသတ်
တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၇)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြရာ ည၁၀နာရီ၅မိနစ်အချိန်၌ မီးငြိမ်းသွားခဲ့သည်။

 ဖြစ်စဉ်မှာဆိုင်ရှင် ဒေါ်စန္ဒာညွှန့်(၅၀)နှစ်ပန်းခြံလမ်းနေသူသည် ဆိုင်အတွင်းခြင်ဆေးခွေ ထွန်းခဲ့ပြီး ဆိုင်ပိတ်သိမ်းလျှက် နေအိမ်သို့ပြန်သွားခဲ့ရာ ခြင်ဆေးခွေမှ တစ်ဆင့်မီးကူးဆက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးပေါ့ဆသူ ဆိုင်ရှင်ဒေါ်စန္ဒာညွှန့်အား ဒုရဲအုပ်ခင်မောင်ချင်း မှ တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် မြို့ရဲစခန်း၏ (ပ)၉၁၈/၂၀၁၈ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့်မီးကူးစက်လောင်ကျွမ်းမှုဖြစ် ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့်မီးကူးစက်လောင်ကျွမ်းမှုဖြစ် Reviewed by THITHTOOLWIN on 21:39 Rating: 5
Powered by Blogger.