တနင်္သာရီမြို့နယ်၌ ရာဘာပေါင်းဖိုရုံ မီးလောင်မှု ဖြစ်ပွား


တနင်္သာရီ၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အနောက်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ရာဘာပေါင်းဖို အလုပ်ရုံ၌ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ညောင်ပင်ကွင်း အနောက်ကျေးရွာရှိ ပိုင်ရှင် ဦးကျော်မင်း ပိုင်ဆိုင်သော သွပ်မိုး၊ သွပ်ကာ၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေ ရှိသော မြေညီထပ် ရာဘာပေါင်းဖို အလုပ်ရုံ၌ ပေါင်းဖိုထားသော မီးကြွင်း မီးကျန်မှ တဆင့် အနီးနာရှိ ၀ါးလုံးသို့ ကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းကြောင့် ရာဘာပေါင်းဖို ၁ လုံး ဆုံးရှုံးခဲ့ပြီးတန်ဖိုးငွေကျပ် (ငါးသိန်း)ခန့် ဆုံးရှုံးခဲ့ကြောင်း ၄င်း မီးလောင်မှုအား မီးသတ်ဖွဲ့ဝင်( ၁၅) ဦးနှင့် ရွာသား (၂၀) ဦး စုစုပေါင်း (၃၅) ဦးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး၊ မီးလောင်မှုကြောင့် အခင်း ဖြစ်ပွားချိန်တွင် မီးသတ်ဆေးဘူးများဖြင့် ကနဦးမီးငြိမ်းသတ်ခဲ့ခြင်း မရှိကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ သိရ သည်။

အဆိုပါ မီးလောင်မှုအား တာဝန်ရှိသူ ပိုင်ရှင် ဦးကျော်မင်းအား တနင်္သာရီမြို့နယ် ရဲစခန်းက အမှုဖွင့်ထားကြောင်း သိရ သည်။

တနင်္သာရီ (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တနင်္သာရီမြို့နယ်၌ ရာဘာပေါင်းဖိုရုံ မီးလောင်မှု ဖြစ်ပွား တနင်္သာရီမြို့နယ်၌ ရာဘာပေါင်းဖိုရုံ မီးလောင်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.