အသက် (၁၁)အရွယ်အမေရိကန်ကောင်လေးတစ်ဦးက အဘွားဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင်

အမေရိကန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)
 လော့စ်အိန်ဂျယ်လိစ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ Arizona ပြည်နယ်တွင် အသက် ၁၁ နှစ် အရွယ်ကောင်လေးတစ်ဦးက အဘွားဖြစ်သူ အခန်းသန့်ရှင်းရေးလုပ်ခိုင်းသည်ကို မကျေနပ်၍  အဘွားဖြစ်သူကို သေနတ်နှင့် ပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာများက နိုဝင်ဘာ ၅ ရက် တွင် ဖော်ပြထားသည်။

အဆိုပါကလေးငယ်မှာ အဘိုးအဘွားနှင့်အတူနေထိုင်ခြင်းဖြစ်ကြောင်း ၊ အဘိုးအဘွားဖြစ်သူက နိုဝင်ဘာ ၃ ရက်တွင် အခန်းသန့်ရှင်းရေးလုပ်ရန် တစ်နေကုန်ပြောဆိုနေသော်လည်း ကလေးငယ်က ဂျစ်ကန်ကန်ဖြင့် မလုပ်ဘဲနေကြောင်း၊ ညနေ ၅ နာရီခန့်တွင် အဘိုးအဘွားဖြစ်သူ တီဗွီကြည့်နေစဉ် ၄င်းကလေးငယ်သည် သေနတ်ကိုင်ပြီး ၆၅ နှစ်အရွယ်အဘွားဖြစ်သူကို နောက်စိမှ ရုတ်တရက် ပစ်သတ်ခဲ့ကြောင်း      ဒေသခံမီဒီယာများက ရဲတပ်ဖွဲ့၏ သတင်းများကို ကိုးကားဖော်ပြထားသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကလေးငယ်ကို ပြေးလိုက်သေးကြောင်း၊ ထို့နောက် ဇနီးဖြစ်သူ ထံပြန်လာပြီး ကယ်ဆယ်မှုပြုလုပ်နေစဉ် သေနတ်သံတစ်ချက်ကြားလိုက်ပြီး မြေးဖြစ်သူ မြေပေါ်လဲကျ သွားသည်ကို တွေ့ရကြောင်း အဘိုးဖြစ်သူက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်သူကလေးငယ်မှာ မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြထားခြင်း မရှိသေးကြောင်း ၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အသက် (၁၁)အရွယ်အမေရိကန်ကောင်လေးတစ်ဦးက အဘွားဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင် အသက် (၁၁)အရွယ်အမေရိကန်ကောင်လေးတစ်ဦးက အဘွားဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်ပြီး မိမိကိုယ်ကိုအဆုံးစီရင် Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.