ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့လဲကျ


19.11.2018

ငါးအမှုန့်ကြိတ်စက်ရုံတံတားတွင် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့သွားကြောင်းသိရပါတယ်။

ကျွန်းစုမြို့နယ်၊မအိုင်ကျေးရွာအုပ်စု၊ ပထော်ကမ်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက်ရုံတံတားတွင် ဆိုက်ကပ်ထားသည့် စိုးအဏ္ဏဝါ(၅) ဝါလတ်လှေမှ လှေသား ၃ ဦး လှေဝမ်းထဲဆင်းပြီးပါကေးငါးတူးဖေါ်ရာ အောက်စီဂျင်ပြတ်တောက်ပြီး မူးမေ့သွားကြောင်းသိရပါတယ်။

"မူးမေ့တာက ၃ ယောက်ပါ။ တစ်ယောက်ကတော့ ၅ မိနစ်လောက်အကြာမှာ ပြန်ပီးသက်သာသွားပါတယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ ကုမ္ပဏီ ကားနဲ့တင်သွားတယ်"လို့ မျက်မြင်တစ်ဦးကပြောပါတယ်။

"ညကဖမ်းပြီးဝင်လာတဲ့ ပါကေးတွေပါ ။ပုံးနဲ့ထည့်ထားတာတွေအားလုံးက တံတားပေါ်တင်ပီးပီ။လှေဝမ်းထဲ လောင်းထည့်လာတဲ့ လက်ကျန်ပါကေးကိုတင်ဖို့ ကက်ဖုံးဖွင့်ပြီး ချက်ချင်း ဝမ်းထဲဆင်းသွားတော့ အောက်စီဂျင်ပြတ်ပြီး မူးမေ့သွားတာပါ။ ဘိတ်ဆေးရုံကြီးကိုတင်ပီးကုသမှုခံယူလို့ အခု သက်သာသွားပါပြီ။သူတို့ရဲ့မိသားစုတွေနဲ့လည်း တွေ့ပြီးစကားပြောဆိုနေပါတယ်"လို့ ဝါလပ်လှေတာဝန်ခံကပြောပါတယ်။

ကုမ္ပဏီကားဖြင့်တင်ဆောင်လာတဲ့လှေသား ၂ ဦးအား ကုမ္ပဏီဆေးခန်းတွင် ရှေးဦးပြုစုပြီး မြိတ်ဆေးရုံကြီးသို့တင်ပို့ကုသမှုခံယူရာ တင်ပို့ပြီး ၁ နာရီခန့်အကြာတွင် ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့လဲကျ ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့လဲကျ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.