ပိတ်ဆို့မှု ဆန့်ကျင်ကြောင်း ကာဒီနယ် ချားလ် မောင်ဘို မိန့်ကြား

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်
ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ် မောင်ဘိုက မြန်မာနိုင်ငံကို ဥရောပနိုင်ငံများအဖွဲ့က ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမယ်ဆိုရင် ဆင်းရဲသားအလုပ်သမားတွေ ပဲ ဒုက္ခရောက်မှာဖြစ်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း မနေ့က မိန့်ကြားလိုက်ပါတယ်။

အထည်ချုပ်လုပ်ငန်းမှာ မြန်မာအလုပ်သမား ၄ သိန်းခန့် လုပ်ကိုင်နေကြောင်းနဲ့ အနောက်နိုင်ငံတွေဟာ မြန်မာပြည် မှာ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက ပင်ပင်ပန်းပန်း ကြိုးစားနေတာကို ထည့်သွင်းတွက်ချက်ခြင်း မပြုကြကြောင်းလည်း သူက မိန့်ပါတယ်။

စစ်တပ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၆ဝ လောက်ကျရောက်ခဲ့တဲ့ တိုင်းပြည်ကို ညီညွတ်ရေး ပြန်လည် တည်ဆောက်ရတာဟာ ခက်ခဲလှပါတယ်။ ပိတ်ဆို့ခြင်းအားဖြင့် လက်ရှိချိနှဲ့နေတဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို ပိုမိုဆိုးဝါးစေမှာဖြစ်တယ်လို့ ကာဒီနယ် ချားလ် မောင်ဘိုက မိန့်ကြားခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ပိတ်ဆို့မှု ဆန့်ကျင်ကြောင်း ကာဒီနယ် ချားလ် မောင်ဘို မိန့်ကြား ပိတ်ဆို့မှု ဆန့်ကျင်ကြောင်း ကာဒီနယ် ချားလ် မောင်ဘို မိန့်ကြား Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.