ပုသိမ်မြို့ အမှတ် ၄ အထပ်သားစက်ရုံ ဝန်ထမ်းလိုင်းခန်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ထမ်းနေအိမ် ၂ ခန်းတွဲ ၃ ခန်း မီးလောင်ဆုံးရှုံး


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာအနီးရှိ အမှတ် ၄ အထပ်သားစက်ရုံဝန်းရှိ ဝန်ထမ်းလိုင်းခန်းတွင် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းနေအိမ် ၂ ခန်းတွဲ ၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။


ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးရှိ comon center မီးစောင့်ကြည့်ရေး ကင်မရာမှ ပုသိမ်ရွှေမြင်တင် ကျေးရွာဘက်မှ မီးလောင်နေကြောင်း တွေ့ရှိသဖြင့် မီးငြှိမ်းယာဉ် ၆ စီး ရေသယ်ယာဉ် ၄ စီး အုပ်ချုပ်မှုယာဉ် ၂ စီး၊ မနောဖြူ လူမှုရေးအဖွဲ့မှ ရေသယ်ယာဉ် ၁ စီး တို့ဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ် အချိန်တွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


“မီးလောင်တဲ့အခန်းက ဝန်ထမ်းအိမ်ယာနေ ဦးယဉ်ကျော်ရဲ့ အခန်းကစလောင်တာပါ ဘာကြောင့်လောင်လဲ ဆိုတာကတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ် မနက်ပိုင်းအိမ်တွေမှာ လူလဲတစ်ယောက်မှ မရှိကြဘူး။”ဟု ပုသိမ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်သူရက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ဝန်ထမ်းလိုင်းခန်း ၃ ခန်းတွဲ နှစ်ထပ် အဆောက်အဦ မီးလောင်ပျက်စီးသွားပြီး အိမ်ထောင်စု ၅ စု လူ ၂၀ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၈ သိန်း ရှိကာ မီးလောင်မှုကြောင့် လူ တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သတ်၍ ပုသိမ်မြို့မ ရဲစခန်းမှ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ မီးလောင်ရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့ အမှတ် ၄ အထပ်သားစက်ရုံ ဝန်ထမ်းလိုင်းခန်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ထမ်းနေအိမ် ၂ ခန်းတွဲ ၃ ခန်း မီးလောင်ဆုံးရှုံး ပုသိမ်မြို့ အမှတ် ၄ အထပ်သားစက်ရုံ ဝန်ထမ်းလိုင်းခန်းတွင် မီးလောင်မှုဖြစ်ပွားရာ ဝန်ထမ်းနေအိမ် ၂ ခန်းတွဲ ၃ ခန်း မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.