အင်္ဂပူမြို့နယ် ထန်းတောစုကျေးရွာအနီး လယ်ကွင်းအတွင်း တောဆင်ရိုင်းများဝင်ရောက်


အင်္ဂပူ နိုဝင်ဘာ ၁

ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်၌ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက တောဆင်ရိုင်းသုံးကောင် လယ်ကွင်း အတွင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောဆင်ရိုင်းသုံးကောင် သည် ကြခတ်ကွင်းကျေးရွာအုပ်စုဘက်မှ ဖြတ်ဝင်လာကြောင်း သတင်းအရ အင်္ဂပူ မြို့မရဲစခန်းမှ ရဲအုပ်သန့်ဇင်ဦး ဦးဆောင် သောအဖွဲ့က လိုက်လံစုံစမ်းရှာဖွေရာ ညနေ ၆ နာရီခွဲတွင် အင်္ဂပူမြို့ အမှတ်(၁) ရပ်ကွက် အောင်ချမ်းသာကျေးရွာနှင့် မေတ္တာကုန်းကျေးရွာအုပ်စု ထန်းတောစု ကျေးရွာကြားရှိ ထန်းတောစုကွင်းအမှတ် ၇၆၈ လယ်ကွင်းအတွင်း ရောက်ရှိနေ ကြောင်း သိရသဖြင့် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဇော်မင်း ထွန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ က တောဆင်ရိုင်းများ အ္တရာယ်မရှိစေ ရေး၊ ပြည်သူများအား အ္တရာယ်မပြုစေ ရေးနှင့် စိုက်ခင်းများအား ဖျက်ဆီးမှုမရှိစေ ရေးတို့အတွက် စောင့်ကြည့်လျက်ရှိသည်။

ယင်းဆင်ရိုင်းများသည် လယ်ကွင်း အတွင်းမှ ထွက်ခွာမှုမရှိသဖြင့် ရဲတပ်ဖွဲ့ဝင် များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများက စောင့်ကြည့်လျက်ရှိ ကြောင်းနှင့် ပြည်သူများ ထိတ်လန့်မှု မဖြစ်စေရေးအတွက် ဆင်ဝင်ရောက်မှု အခြေအနေများကို သိရှိနိုင်ရေး မြို့နယ် မီးသတ်ဦးစီးဌာနက အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးလျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်္ဂပူမြို့နယ် ထန်းတောစုကျေးရွာအနီး လယ်ကွင်းအတွင်း တောဆင်ရိုင်းများဝင်ရောက် အင်္ဂပူမြို့နယ် ထန်းတောစုကျေးရွာအနီး လယ်ကွင်းအတွင်း တောဆင်ရိုင်းများဝင်ရောက် Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.