ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁ အနီး တောစပ်လျှိုတစ်ခုထဲတွင် ပုန်းနေသော တရားမ၀င် ၀င်ရောက်လာသူ ဖမ်းမိ


မင်းလှ နိုဝင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမနယ်မြေ ရဲတပ်ဖွဲ့ မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁ အနီးတောစပ်လျှိုတစ်ခု တွင် ပုန်းအောင်းနေသော တရားမ၀င် ၀င်ရောက်လာသူ ၆ ဦးအား နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့များသည် မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွာလမ်းပေါက် ရွှေချောင်းကျေးရွာတောင်ဘက်ထိပ် မင်းတုန်း မြို့နယ် ကန်လယ် တံတားတို့တွင် ပိတ်ဆို့ရှာဖွေရေးလုပ်ဆောင်ခဲ့ကြကြောင်း ၊ နိုဝင်ဘာ ၂၅ရက် နံနက် ၃နာရီအချိန် ခန့် က မိုင်တိုင်အမှတ် ၂၃၇/၃ အနီးရှိ မသကာင်္စရာယာဉ်တစ်စီးပေါ်သို့ လူများ တင်ဆောင်နေ သည်ကိုတွေ့ရ၍ စစ်ဆေးရန် သွားရောက်တားမြစ်ခဲ့ရာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြပြီး မိုင်တိုင်အနီးလှည်းလမ်းဘေးတောစပ်မှ ခိုးဝင်သူများအား ကားပေါ်တင် ပေးခဲ့သူ(၂)ဦးကို ဖမ်းဆီး ရခဲ့ကြောင်း ၊ ထွက်ပြေးသွားသောကားနောက်ကိုလိုက်ရာမှ နံနက် ၆နာရီအချိန်တွင်ကား နှင့် နံနက် ၆နာရီခွဲအချိန်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အား တွေ့ရှိစစ်ဆေးရာ နံနက် ၇နာရီအချိန် တွင် မိုင်တိုင်အမှတ် ၂၂၇/၁ အနီးတောစပ်လျှိုတစ်ခုတွင် ပုန်းအောင်းနေသော တရားမ၀င် ၀င်ရောက်လာသူ ကျား ၄ဦး ၊မ ၂ဦး ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့ နယ်ရဲတပ်ဖွဲ့ မှ သိရှိရသည်။

ခိုးဝင်သူများဖမ်းဆီးရေးတွင် မကွေးတိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်ရဲနိုင်မြင့် ၊ ရဲအုပ်ဇင်မင်းထွန်း ၊ ရေနံမနယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်း၊ ဒုရဲအုပ်အောင်လှိုင်ဝင်း၊ ဒုရဲအုပ် တင်အောင်စန်း၊ သရက်ခရိုင်ရဲ ဒုရဲအုပ်သိန်းမင်း၊ တိုင်တားရဲကင်းစခန်းမှ ရဲတပ်သား ကိုကိုအောင်၊ ရဲတပ်သားသက်ကိုကို နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင် ခဲ့ကြပြီး မင်းလှမြို့နယ်အတွင်း၌ ယခုနှစ်အတွင်း အထောက် အထားမဲ့ခိုးဝင်၁၂၀ဦး၊သယ်ဆောင်သူ၁၃ဦးအား တားဆီး အရေးယူနိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထင်အောင်လင်း ထံမှ သိရသည်။

ဖမ်းဆီးရမိသော ရခိုင်ပြည်နယ်၊ မြောက်ဦး နှင့်မင်းပြားမြို့နယ် ကျေးရွာများမှ အထောက်အထားမဲ့ တရားမ၀င် ၀င်ရောက်လာသူ ၆ဦး နှင့် သယ်ဆောင်သူ ဗမာလူမျိုး ၂ဦး ၊ လမ်းပြပို့ဆောင်သူ ချင်းလူမျိုး ၂ဦးတို့အား မင်းတုန်းမြို့မရဲစခန်းသို့ လွှဲအပ်ထားပြီး သရက်ခရိုင်ရဲတပ်ဖွဲ့ ၊ ဒုရဲအုပ်သိန်းမင်းမှ တရားလိုပြုလုပ် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျတု(မကွေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁ အနီး တောစပ်လျှိုတစ်ခုထဲတွင် ပုန်းနေသော တရားမ၀င် ၀င်ရောက်လာသူ ဖမ်းမိ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၂၇/၁ အနီး တောစပ်လျှိုတစ်ခုထဲတွင် ပုန်းနေသော တရားမ၀င် ၀င်ရောက်လာသူ ဖမ်းမိ Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.