အမျိုးသမီးအား ဓါးဖြင့်ထောက် ချစ်ခွင့်ပန်သူအား မဟာအောင်မြေမြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ


မန္တလေး၊ နိုဝင်ဘာ ၁၅

၁၄-၁၁-၂၀၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ အချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၉ လမ်း၊ ၄၃xသိပ္ပံလမ်းကြားတွင် လှိုင်မင်းအောင် ၂၀ နှစ်၊ အိုးဘိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှ မxxxx အား လူငယ်သဘာဝချစ်ခွင့်ပန်ရာ ပြန်လည်ချစ်ကြိုက်ခြင်း မရှိသဖြင့် ဓားကိုင်ကာ လည်ပင်းအားထောက်ပြီး အဖြေတောင်းနေစဉ် မဟာအောင်မြေ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိ၍ သက်သေခံ ဓားဦးချွန် ၁ ချောင်း အား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး မဟာအောင်မြေမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
အမျိုးသမီးအား ဓါးဖြင့်ထောက် ချစ်ခွင့်ပန်သူအား မဟာအောင်မြေမြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ အမျိုးသမီးအား ဓါးဖြင့်ထောက် ချစ်ခွင့်ပန်သူအား မဟာအောင်မြေမြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 11:48 Rating: 5
Powered by Blogger.