မြိတ်တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်၍သေဆုံး


20.11.2018

မြိတ်မြို့၊ တောရကျောင်းရပ်၊ တောရအောက်ကျောင်း မုဒ်ပေါက်ရှေ့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၊ ည ၆ နာရီခန့်က ဆိုင်ကယ်တစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုကြောင့် ဆိုငိကယ်မောင်းနှက်သူ သေဆုံးသွားကြောင်းသိရပါတယ်။

ဂေါက်ကလပ် လမ်းဆုံဘက်မှ ရှမ်းချောင်းဘက်သို့ ဝင်းထိုက်အောင် (၂၃)နှစ်၊ မောင်းနှင်လာသည့် PCX အမျိုးအစားဆိုင်ကယ်သည် တောရအောက်ကျောင်းမုဒ်ပေါက်ရှေ့တွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားကြောင်းသိရပါတယ်။


ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဝင်းထိုက်အောင်တွင် နားသွေးယိုစီးဒဏ်ရာဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပါရမီကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့်တင်ပို့ပေမယ့် လမ်းခုလပ်တွင် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောငင်းသိရပါတယ်။

သေဆုံးသူမှာ အင်္ဂမော်ကျေးရွာဇာတိဖြစ်ပြီး တညက်ကျေးရွာအုပ်စု၊ ကသာရိုင် အ.မ.က ကျောင်းမှ ကျောင်းဆရာ တစ်ဦးဖြစ်ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
မြိတ်တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်၍သေဆုံး မြိတ်တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်၍သေဆုံး Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.