အမေရိကန်နိုင်ငံဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ ၊ လေးဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူတစ်ဦးအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
 လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံ အနောက်ပိုင်း ဒန်ဗာမြို့ (Denver)တွင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

လူသေဆုံးမှုရှိခဲ့သော သေနတ်ပစ်ခတ်မှုသည် ကော်လိုရာဒိုပြည်နယ်မြို့ တော် ဒန်ဗာမြို့ လယ်ခေါင်မှ ဘလောက်အနည်းအငယ်ခန့် အကွာ ကော်လိုရာဒိုဘေ့ဘောအသင်းအိမ်ကွင်း အနီးတွင်  ဒေသစံတော်ချိန် ညနေ ၄ နာရီ ( ဂရင်းနစ်စံတော်ချိန် ၂၃ဝဝ နာရီ)တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Doug Schepman က TV news ရုပ်သံလိုင်းသို့ ပြောကြားခဲ့ပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

“ အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို တိတိကျကျပြောဖို့ နဲ့ ဘာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့လဲဆိုတာကို ပြောဖို့ စောပါသေးတယ် ” ဟု Schepman ကဆိုသည်။ “ စုံစမ်းစစ်ဆေးသူတွေဟာ မျက်မြင်တွေဆီက သက်သေခံချက်တွေကို လိုက်လံစုဆောင်းနေပါတယ်။ဘယ်လို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုမှတ်တမ်း မဆို သူတို့ ကို အကူအညီပေးနိုင်မှာပါ ” ဟု ဆိုသည်။

သံသယရှိသူ (သို့ မဟုတ်) သံသယရှိသူများ မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း နှင့် လူအသွားအလာများသည့် အလုပ်ချိန်တွင် အချင်းဖြစ်လမ်းမကို ပိတ်ပစ်ထားခဲ့ရကြောင်း ၊ ထို့ ကြောင့် သံသယတရားခံနှင့်ပတ်သက်၍ သတင်းပေးပို့ မှုကို ရရှိနိုင်ဦးမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန်နိုင်ငံဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ ၊ လေးဦး ဒဏ်ရာရ အမေရိကန်နိုင်ငံဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ ၊ လေးဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.