စိတ်ဝေဒနာသည် သက်ကြီးအမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား


ရွှေကျင် နိုဝင်ဘာ ၆
=============
ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ် ပန်းအင်းကျေးရွာတွင် အသက်(၆၇နှစ်)အရွယ်စိတ် ဝေဒနာသည် အမျိုးသမီးတစ်ဦး ကို သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်သူအမျိုးသားတစ်ဦး အား ယမန်နေ့ ညနေ ၆နာရီခွဲက ရွှေကျင်မြို့မရဲစခန်းသို့ လာရောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေကျင်မြို့နယ် ပန်းအင်းကျေးရွာနေသူ ဒေါ်စန်း မြင့်သည် ယမန်နေ့ နံနက်၉ နာရီခွဲက နေအိမ်တွင်တစ်ဦးတည်း ရှိနေချိန်တစ်ရွာတည်းနေ ၄င်း၏ သူငယ်ချင်းဖြစ်သူက ရွာထိပ်သို့ ထွက်လာရန်ခေါ်သဖြင့် နေအိမ်မှ တစ်ဦးတည်းထွက်လာစဉ် ရွာ၏ အနောက်ဘက်ကိုင်းတော ချုံစပ် နားတွင်မသင်္ကာဖွယ်ရာ ခြေနှစ် ချောင်းမှာ ထပ်လျက်တွေ့ရှိရ သဖြင့် စောင့်ကြည့်နေစဉ် အမျိုး သမီးနှစ်ဦးလာနေသည်ကို တွေ့ရှိ ရ၍ ၄င်းကဒီကိုလာဟု ခေါ်၍ သုံးဦးစလုံး စောင့်ကြည့်နေစဉ် အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦးတို့ မတ်တပ်ထရပ် လိုက်သည်ကိုတွေ့ရှိရ၍ကြည့် လိုက်ရာ တစ်ရွာတည်းနေကြသူ ဘချစ်(၄၅နှစ်)နှင့်ဒေါ်... (၆၇နှစ်) စိတ်ဝေဒနာသည်တို့ အားတွေ့ရှိခဲ့ ရကြောင်းပြောပြချက်ကို ရွှေကျင် မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်စန်းမြင့်က စိတ်ဝေဒနာသည် ဒေါ်...အား အလိုမတူဘဲသားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူ ဘချစ်အား ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရွှေကျင်မြို့မ ရဲစခန်းမှ(ပ) ၉၇ဝ/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်ပ ၃၇၆/၅၁၁ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇော်မျိုး(ရွှေကျင်)
The Union Daily
https://www.facebook.com/pg/uniondaily.net
စိတ်ဝေဒနာသည် သက်ကြီးအမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား စိတ်ဝေဒနာသည် သက်ကြီးအမျိုးသမီးအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.