အမေရိကန် နိုင်ငံ ချီကာဂို မြို့ ရှိ ဆေးရုံ တစ်ရုံ တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား လူ ၄ ဦး သေဆုံး

အမေရိကန် နိုင်ငံ ချီကာဂို မြို့ တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ချီကာဂို ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

 အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၁၉ ရက် တွင် ချီကာဂို မြို့ရှိ ဆေးရုံ တစ်ရုံ ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ် သမား နှင့် ရဲ တပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ချီကာဂို ရဲတပ်ဖွဲ့မှူး Eddie T. Johnson က အချင်းဖြစ်ပွားပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သေနတ် ပစ်ခတ်မှု က နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ၃ နာရီခွဲ အချိန်ခန့်တွင် ချီကာဂို တောင်ပိုင်းဒေသ ရှိ ဆေးရုံ တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ သေနတ် ပစ်ခတ်သူ က ဆေးရုံ ကားပါကင် နေရာ တွင် အမျိုးသမီး တစ်ဦး အား သေနတ် ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ဆေးရုံ အတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သတင်းပေးပို့ချက်အရ သေနတ်ပစ်ခတ်သူ နှင့် ယင်း အမျိုးသမီး မှာ ချစ်သူစုံတွဲ ဖြစ်ကြပြီး အချင်းများရာ မှ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ ချီကာဂို မြို့ ရှိ ဆေးရုံ တစ်ရုံ တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား လူ ၄ ဦး သေဆုံး အမေရိကန် နိုင်ငံ ချီကာဂို မြို့ ရှိ ဆေးရုံ တစ်ရုံ တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား လူ ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.