ဗောဓိကုန်းကျောင်းတိုက်တွင် အမျိုးသမီးတစ်ဦး ဒုတိယထပ်ကခုန်ချရာမှသေဆုံး


မိုးညှင်း နိုဝင်ဘာ ၆
=============
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်ဗောဓိကုန်းကျေးရွာတွင်နေထိုင် သူစိတ်မူမမှန်သည့်အမျိုးသမီးတစ်ဦး သည် နံနက်အရုဏ်တက်ချိန်တွင် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်း ဒုတိယထပ်မှခုန်ချခဲ့ရာ သေဆုံး သွားခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်း မှ သေမှုသေခင်း ရေးဖွင့်ထားခဲ့ သည်။
ဖြစ်ပွားပုံမှာ ဗောဓိကုန်း ဘုန်း တော်ကြီးကျောင်းတိုက်တွင် ယမန် နေ့နံနက် ၅ နာရီခွဲ၌ ဂေါပကအဖွဲ့ ဝင်များ ဝေယျာဝစ္စဆောင်ရွက် နေစဉ် ကိုရင်လေးနှစ်ပါးရောက် လာပြီး ဆောက်လုပ်ဆဲ(RC) သုံး ထပ်ကျောင်းရှေ့တမံသလင်းပေါ် တွင် အမျိုးသမီးကြီးတစ်ဦး လဲကျ နေကြောင်းဟြေကြားသဖြင့် သွား ရောက်ကြည့်ရှုရာ ဗောဓိကုန်းရပ် ကွက်နေ ဒေါ်မဆောင်းဆိုသူဖြစ် ပြီး ၄င်း၏ ခန္ဓာကိုယ်မှ သွေးများ ထွက်နေသည်ကို တွေ့ရှိရသည်။

လဲကျနေသူ ဒေါ်မဆောင်း၏ ဟြေကြားချက်အရ၄င်းသည်ကျောင်း ဆောင်သစ်တံခါးများ ပိတ်ထား သဖြင့် သစ်သားလှေကားထောင် ကာမှန်လည်ပေါက်မှ ကျောင်း တိုက်အတွင်း ဝင်ရောက်ကာ ဒုတိ ယထပ်ဝရန်တာမှ ခုန်ချခဲ့ကြောင်း ဟြေပြခဲ့သဖြင့် ဂေါပကအဖွဲ့က ဒေါ်မဆောင်းအား မိုးညှင်းခရိုင် ဆေးရုံကြီးသို့ပို့ဆောင်ကုသခဲ့သော် လည်းဒေါ်မဆောင်းသည်ရရှိသော ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။

မိုးညှင်းမြို့မရဲစခန်းမှ တာဝန် မှူးဒုရဲအုပ်ကျော်မင်းနိုင်၊ နယ်ထိန်း အရာရှိ ဒုရဲအုပ်တင်ဝင်းနှင့် ဒုတပ် ကြပ်စန်းအောင်တို့သည် မိုးညှင်း ခရိုင်ဆေးရုံသို့ သွားရောက်စစ် ဆေးခဲ့ကြပြီး ဒေါ်မဆောင်းသည် စိတ်မူမမှန်သူတစ်ဦးဖြစ်ပြီး ၄င်း ၏သမီးဖြစ်သူ ဖြူနှင်းဝေ(ခ) မဲဇာသည်ရန်ကုန်မြို့တွင်အလုပ် လုပ်နေ၍ ဒေါ်မဆောင်းမှာ မိုး ညှင်းမြို့ ဗောဓိကုန်းကျေးရွာအိမ် အမှတ်(၃၈)တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုးညှင်းမြို့မရဲစခန်းမှ သေမှုသေ ခင်းအမှတ်စဉ်(၅၆/၂ဝ၁၈)ဖြင့် ရေးဖွင့်ထားခဲ့ကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/pg/uniondaily.net

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ