ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းတွင် ဓါးဖြင့် ခြိမ်းချောက်ပြီး ဆိုင်ကယ်လုယူသူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းတွင် ဓါးဖြင့် ခြိမ်းချောက်ပြီး ဆိုင်ကယ်လုယူသူများအား ဖော်ထုတ်ဖမ်းဆီးရမိ
ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ သပြေရေလမ်းဆုံတွင် နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီအချိန်ခန့်နှင့် မွန်းလွဲ ၃ နာရီအချိန်ခန့်က ဆိုင်ကယ်ရပ်၍ ဓာတ်ပုံရိုက်နေသူ ၂ ဦးအား ဓါးဖြင့် ခြိမ်းချောက်ပြီး ဆိုင်ကယ်လုယူထွက်ပြေးသွားမှု နှစ်မှုဖြစ်ပွားခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်းမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ရာ ယင်းနေ့ ည ၁၀ နာရီအချိန်တွင် ပြစ်မှုကျူးလွန်သူ တရားခံ ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ သပြေရေလမ်းဆုံတွင် ညီညီနိုင် ၂၀ နှစ်၊ မဟာအောင်မြေမြို့နယ်နေသူသည် ၎င်းပိုင် ၅၉ယ/xxxxx Yamaha FZ ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်ပြီး ဓါတ်ပုံရိုက်နေစဉ် အမျိုးသား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါ ၃ ဦးအနက် ၁ ဦးမှ ဟေ့ကောင်မပြေးနဲ့ ဟုပြောဆိုပြီး ကျန် ၁ ဦးမှ အသင့် ပါလာသော ဓါးမြောင် ၁ ချောင်းအားကိုင်ဆောင်၍ ညီညီနိုင် ထံပြေးလာသဖြင့် ၎င်းမှ ဆိုင်ကယ်အား ထား၍ထွက်ပြေးရာ အဆိုပါအမျိုးသား ၃ ဦးအနက် ၁ ဦးမှ ညီညီနိုင် ၏ ဆိုင်ကယ်အား လည်းကောင်း၊ အလားတူ ညနေ ၃ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ ထင်းရှူးတော၌ ရှင်းခန့်သူ ၁၈ နှစ်၊ အမှတ်(၂)ရပ်ကွက်၊ ကနီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူသည် ၎င်းပိုင် ယာယီ E/xxxx Honda Click ဆိုင်ကယ်အား လမ်းဘေးတွင်ရပ်ပြီး ဓါတ်ပုံရိုက်နေစဉ် အမျိုးသား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါ ၃ ဦးအနက် ၁ ဦးမှ ဟေ့ကောင် မပြေးနဲ့ ဟုပြောဆိုပြီး ကျန် ၁ ဦးမှ အသင့် ပါလာသော ဓါးမြောင် ၁ ချောင်းအားကိုင်ဆောင်၍ ရှင်းခန့်သူ ထံ ပြေးလာသဖြင့် ၎င်းမှဆိုင်ကယ်အားထား၍ ထွက်ပြေးရာ အဆိုပါ အမျိုးသား ၃ ဦးအနက် ၁ ဦးမှ ညီညီနိုင် ၏ ဆိုင်ကယ်အားလည်းကောင်း လုယူမောင်းနှင်ထွက်ပြေးသွားကြောင်း ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားသဖြင့် အမှုများမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး ပြင်ဦးလွင်မြို့မ ရဲစခန်းမှူး ဦးစီးတပ်ဖွဲ့ဝင်များသည် အဖွဲ့များခွဲ၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၂၀၀ အချိန် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)၊ အောင်သုခရပ်၊ ဘောဂလမ်းပေါ်တွင် မသင်္ကာတွေ့ရှိသူ အမျိုးသား ၃ ဦးအား ရဲစခန်းသို့ခေါ်ဆောင် စစ်ဆေးရာ ၎င်းတို့မှာ အောင်အောင်ဦး ၂၁ နှစ်၊ ရပ်ကွက်ကြီး(၅)၊ ပြင်ဦးလွင်မြို့၊ လွင်ဦးမောင် ၂၆ နှစ်၊ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင်မြို့နေသူနှင့် ပိုင်ဇင်မိုး ၂၁ နှစ်၊ မိုးကြိုးကွက်သစ်၊ ရပ်ကွက်ကြီး(၂၁)၊ ပြင်ဦးလွင်မြို့နေသူတို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးသည် အထက်ပါ အမှု ၂ မှုအား ကျူးလွန်ခဲ့ကြောင်းနှင့် ဆိုင်ကယ် ၂ စီးအား အောင်အောင်ဦး ၏ နေအိမ်၌ သိမ်းဆည်းထားကြောင်း ပြောပြသိရှိရသဖြင့် သက်သေခံ ဆိုင်ကယ် ၂ စီးအား သိမ်းဆည်းပြီး အောင်အောင်ဦး ပါ ၃ ဦးအား ပြင်ဦးလွင်မြို့မရဲစခန်းတွင် အသီးသီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

MDY Police
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းတွင် ဓါးဖြင့် ခြိမ်းချောက်ပြီး ဆိုင်ကယ်လုယူသူများအား ဖော်ထုတ်ဖမ်းဆီးရမိ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းတွင် ဓါးဖြင့် ခြိမ်းချောက်ပြီး ဆိုင်ကယ်လုယူသူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.