ကညွတ်ကွင်းမြို့၊ ဆိုးပုံကွင်းကျေးရွာ နာရေးအိမ်တစ်အိမ်တွင် ကူညီလုပ်ကိုင်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့၊ ဆိုးပုံကွင်းကျေးရွာရှိ နာရေးအိမ်တွင် ကူညီလုပ်ကိုင်ရင်း စပါးရိတ်ခြွေ စက်ငှားရမ်းသည့် ကိစ္စဖြင့် စကားများရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း ကညွတ်ကွင်းမြို့ နယ်မြေ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ည ၈း၃၀ နာရီခန့်က လင်းလင်း(ခ) ဇေယျာလင်းနှင့် နေဝင်းနိုင်တို့သည် နာရေးအိမ်တွင်ကူညီ လုပ်ကိုင်ပေးနေရာမှ စပါးရိတ်ခြွေစက်ငှားသည့် ကိစ္စ စကားများရာ နေဝင်းနိုင်သည် နေအိမ်သို့ပြန်ပြီး အရိုးအသွား ၁၃ လက်မခန့်ရှိ ဝါးရိုးတပ် ဓါးဦးချွန်ဖြင့် လင်းလင်း(ခ)ဇေယျာလင်းအား ယာဘက်ချိုင်းအောက်သို့ တစ်ချက်ထိုးသွင်းရာမှ ရရှိသော ဒဏ် ရာဖြင့် ကညွတ်ကွင်းဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသွားကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ချုပ်ရက်ရမာန်ယူကာ ဥပဒေနှင့် အညီ တရားစွဲဆို အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

"နာရေးအိမ်မှာ ကူညီလုပ်ကိုင်ရင်း နားတဲ့အချိန်မှာ စပါးရိတ်ခြွေစက်ကိစ္စငြင်းခုန်ရင်း စကားများတာ ကျူလွန် သူက အိမ်ပြန်ပြီး ဓါးယူပြီး ထိုးခဲ့တာပါ။ သောက်စားထားတာလည်းပါတယ်။ ဆေးရုံပို့နေစဉ် လမ်းမှာပဲ သေဆုံး သွားတာ။"ဟု ကညွတ်ကွင်းမြို့ နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ဖခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့သဖြင့် ကညွတ် ကွင်းမြို့ နယ်မြေ ရဲစခန်းမှ နေဝင်းနိုင်အား (ပ) ၂၀၄/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
ကညွတ်ကွင်းမြို့၊ ဆိုးပုံကွင်းကျေးရွာ နာရေးအိမ်တစ်အိမ်တွင် ကူညီလုပ်ကိုင်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား ကညွတ်ကွင်းမြို့၊ ဆိုးပုံကွင်းကျေးရွာ နာရေးအိမ်တစ်အိမ်တွင် ကူညီလုပ်ကိုင်ရင်း စကားများရာမှ လူသတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.