မြိတ်ကမ်းနားလမ်းမီးပုံးတိုင်ပေါ်မှ လူတစ်ဦးခုန်ချမှုဖြစ်ပွား


မြိတ်မြို့၊ ထားဝယ်စုရပ်၊ ကမ်းနားလမ်း မီးပုံးတိုင်ပေါ်မှ နိုဝင်ဘာ ၂၅ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်က လူတစ်ဦး ခုန်ချခဲ့ကြောင်းသိရပါတယ်။


ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကမ်း(ရှင်မယဉ်သာ)မှ စိုးတင့် ၃၆ နှစ်၊ ဆိုသူသည် မီးပုံးတိုင်ပေါ်ဖက်တက်ပြီး အမြင့်ပေ ၃၀ ခန့်မှ ခုန်ချခဲ့ကြောင်းသိရပါတယ်။


မီးပုံးတိုင်ပေါ်မှ ခုန်ချခဲ့တာကြောင့် စိုးတင့်တွင် ဦးခေါင်းဒဏ်ရာရရှိပြီး ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်းသိရပါတယ်။


မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
မြိတ်ကမ်းနားလမ်းမီးပုံးတိုင်ပေါ်မှ လူတစ်ဦးခုန်ချမှုဖြစ်ပွား မြိတ်ကမ်းနားလမ်းမီးပုံးတိုင်ပေါ်မှ လူတစ်ဦးခုန်ချမှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.