အုပ်စုပြေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


မင်းတပ် နိုဝင်ဘာ ၈

မင်းတပ်မြို့မှ(၄)မိုင်ခန့်အကွာမင်းတပ်မြို့နယ်ပြေကျေးရွာ အုပ်စုပြေကျေးရွာတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာ ၆ ရက်က မီးကျွမ်းမီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုမီးလောင်မှုကြောင့် ဒေါ်တမ်အွယ်၏နေအိမ် ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး နှစ်ထပ်(၃၀)ပေပတ်လည်တစ်လုံး ဦးထန်းကီး၏ နေအိမ်ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး နှစ်ထပ်(၄၈)ပေပတ်လည်တစ်လုံး ( စတိုခန်းအပါ) kenbo-125 ဆိုင်ကယ်တစ်စီး ဦးဦးနိုင်းအွမ်၏နေအိမ် ပျဉ်ခင်း ပျဉ်ကာ သွပ်မိုးတစ်ထပ်(၃၀)ပေပတ်လည်တစ်လုံး Dream-110 ဆိုင်ကယ်တစ်စီး စုစုပေါင်းလူနေအိမ်သုံးလုံး ဆိုင်ကယ်နှစ်စီးမီးလောင်ကျွမ်းခဲ့သည် မီးလောင်သို့ မီးငြှိမ်းသတ်ယာဉ်နှစ်စီး ရေသယ်ယာဉ်နှစ်စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ ပြေရွာအုပ်စု အုပ်ချုပ်ရေးမှူး ဆယ်အိမ်မှူးများနှင့် ကျေးရွာနေပြည်သူများကိုခရိုင်မီးသတ်ဦးစီးမှူးက အနီးကပ် ကြီးကြပ်ငြှိမ်းသတ်ခဲ့ရာ(၀၁၃၀)နာရီတွင်မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ မီးဘေးသင့်မိသားစုဝင်များကိုတာဝန်ရှိသူများက နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ခေတ္တပြောင်းရွှေ့ နေထိုင်စေခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍မီးပေါ့ဆစွာအသုံးပြုသူဒေါ်တမ်အွယ်အသက်(၆၈)နှစ် ပြေကျေးရွာနေသူအား မင်းတပ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အုပ်စုပြေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား အုပ်စုပြေကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:48 Rating: 5
Powered by Blogger.