ခိုးဝင်ဘင်္ဂါလီများ တစ်ရာကျော်ပါသောစက်လှေ ရန်ကုန်မြစ်ဝတွင်ဖမ်းဆီးရမိ


ရန်ကုန် နိုဝင်ဘာ ၁၆
==============
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ နယ် ကမာကလုတ်နယ်မြေစခန်းအပိုင် ကုလား တန်းကျေးရွာအုပ်စု သံတဲကျေးရွာ၏တောင် ဘက် ရန်ကုန်မြစ်ဝပင်လယ်ပြင်တွင် ဘင်္ဂါလီ ၁ဝဝ ကျော်ပါ စက်လှေတစ်စင်းအား သံတဲ ကျေးရွာအုပ်စု ရေလုပ်သား ဦးညိုကြီး(၆၅နှစ်) က ပင်လယ်ပြင်ငါးဖမ်းထွက်ရာမှ ယနေ့နံနက် ၄ နာရီတွင်ယင်းဘင်္ဂါလီ စက် လှေ ဝမ်းဗိုက်ပေါက်လျက်တွေ့ရှိခဲ့သော ကြောင့် ဦးညိုကြီးကကုလားတန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံအကြောင်းကြားခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ဌာနများသို့ အဆင့်ဆင့်အကြောင်းကြားခဲ့ သည်။

အဆိုပါစက်လှေသို့ ကနဦး ခမရ (၅၃၂)မှဗိုလ်ကြီးသော်ဇင်အောင်ဦးစီးအဖွဲ့၊ နယ်မြေစခန်းမှူး ရဲအုပ်စည်သူအောင်တို့က နံနက် ၅နာရီ ၁ဝမိနစ်ခန့်တွင် ယင်းစက် လှေအားသွားရောက်စစ်ဆေးပြီး သံတဲ ကျေးရွာအုပ်စု ကမ်းခြေသို့သွားရောက်ခေါ် ဆောင်ခဲ့သည်။

အဆိုပါ ဘင်္ဂါလီစက်လှေရောက်ရှိရာ သံတဲကျေးရွာအုပ်စုကမ်းခြေသို့ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဌေးအဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးအောင်မျိုးလတ်အဖွဲ့၊ မြို့နယ် လဝကဦးစီးမှူး ဦးထင်လင်းအောင်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရေကြောင်းတပ်ဖွဲ့ ကွပ်ကဲမှုအဖွဲ့ခွဲ (၃)ရေယာဉ် ရဲမာန်ဟိန်း (၃၃၃) ရဲအုပ်သန့်ဇင်ဦးနှင့်အဖွဲ့ ရောက်ရှိ စစ်ဆေးရာ ယင်းဘင်္ဂါလီစက်လှေသည် အလျားပေ ၄ဝ၊ အနံ ၁ဝ ပေခန့်ဖြစ်ပြီး ဘင်္ဂါလီအမျိုးသား ၅ဝ၊ အမျိုးသမီး ၃၁ဦး၊ ကလေး ကျား ၁၃ ဦး၊ ကလေး မ ၁၂ ဦး စုစုပေါင်း ၁ဝ၆ ဦးဖြစ်ပြီး ၄င်းတို့သည် ရခိုင်ပြည်နယ် စစ်တွေ သဲချောင်းကျေးရွာ ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့သွား ရန်အောက်တိုဘာ ၂၂ ရက်တွင် စတင် ထွက်ခွာလာကြောင်းနှင့် အဖွဲ့ခေါင်းဆောင် မှာ အိုစမာမွတ်(၄၃ နှစ်)ဖြစ်ကာ စက်လှေ ပိုင်ရှင်မှာ ဆာဘယ်နှင့်အခြားနှစ်ယောက် ဖြစ်ပြီး ယင်းစက်လှေပေါ်တွင်ဆာဘယ် သာ ပါရှိပြီး မလေးရှားနိုင်ငံသို့တစ်ဦးလျှင် ငွေကျပ်ငါးသိန်း ပေးဆောင်ရမည်ဖြစ်ပြီး ယခုတစ်ဦးလျှင် နှစ်သိန်းပေးဆောင်ထား ပြီးဖြစ်ကြောင်းသိရှိရသည်။

၎င်းဘင်္ဂါလီအဖွဲ့အား လိုအပ်သည်များ စစ်ဆေးဆောင်ရွက်လျက်ရှိရာသို့ နယ်လုံ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လဝက တိုင်းဦးစီးမှူးဦးစောနိုင်၊ ရန်ကုန်တိုင်း ရဲတပ်မှူး ရဲမှူးချုပ်မျိုးမင်းထိုက်၊ တောင် ပိုင်းခရိုင်အထွေထွေအုပ် ချုပ်ရေးမှူးဦးနေ လင်းအောင်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးထွန်းဖေ တို့ရောက်ရှိလာပြီးလိုအပ်သည်များ စီစဉ် ညွှန်ကြားဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သက်ခိုင်(သန်လျင်)
The Union Daily
https://www.facebook.com/pg/uniondaily.net
ခိုးဝင်ဘင်္ဂါလီများ တစ်ရာကျော်ပါသောစက်လှေ ရန်ကုန်မြစ်ဝတွင်ဖမ်းဆီးရမိ ခိုးဝင်ဘင်္ဂါလီများ တစ်ရာကျော်ပါသောစက်လှေ ရန်ကုန်မြစ်ဝတွင်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.