ဘိုကလေးမြို့နယ်မှာ ဘဝင်းပိုက်ထောင်သူ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာမှာ နိုဝင်ဘာလ (၇)ရက် ညနေ (၆)နာရီခန့်က ဘဝင်းပိုက်ထောင်ငါးဖမ်းနေတဲ့ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရတာ​ကြောင့်​ ဝဲဘက်ခြေသန်းကြွယ်နဲ့ ခြေသန်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


မော်လမြိုင်ကျွန်းမြို့နယ် ထီပါလယ်သောင်တန်းကျေးရွာမှာနေထိုင်တဲ့ အသက် (၃၀) အရွယ် ကိုနေမိုးအောင်ဟာ ဆတ်ကျွန်းကျေးရွာအုပ်စုနားက တပ်ဘေလေးမြစ်ဘေးထဲ ဘဝင်းပိုက်မြုတ်နေတုန်း မိကျောင်းရုတ်တရက်ရေထဲက ပေါ်လာပြီး ဝဲဘက်ခြေထောက်ကို ကိုက်ဆွဲခဲ့တာကြောင့် ဝဲဘက်ခြေသူကြွယ်နဲ့ခြေသန်း ဆုံးရှုံးခဲ့ရတယ်လို့ မိချောင်းဆွဲခံခဲ့သူ ကိုနေမိုးအောင်က ပြောပါတယ်။

`ဘဝင်းပိုက်မြုတ်နေတုန်း မိကျောင်းဆွဲခံရပြီးရေထဲမြုတ်သွားတယ်။ ရေလယ်ဘက်ကို မိကျောင်းကဆွဲသွားတာ ပိုက်မြုတ်နေတုန်းဆိုတော့ ကျွန်တော်လည်း ပိုက်ကိုဆွဲထားတယ် အဖေ့ကိုလည်း ပိုက်ကိုဆွဲ ပိုက်ကိုဆွဲ ဆိုပြီး လှမ်းအော်တယ်။ ဒါနဲ့အဖေလည်း ပိုက်ကိုဆွဲ၊ ကျွန်တော်ကလည်း မိကျောင်းမျက်နှာကို ခြေထောက်နဲ့ကန်လို့ပြန်လွတ်လာတာ´လို့ ကိုနေမိုးအောင်က ပြောပါတယ်။ လက်​ရှိမှာ မိချောင်းဆွဲခံရတဲ့ ဒဏ်ရာကြောင့် ဘိုကလေးကုတင် (၁၀၀) ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။


မိချောင်းဆွဲခံခဲ့ရတဲ့ ဆတ်ကျွန်းကျေးရွာမှာ ရေငန်ပိုင် ဦးရှင်ကြီးနတ်နန်း ရှိပြီး မိချောင်းကိုက်ခံရမှုများလည်း မကြာခဏ ဖြစ်ပေါ်နေပါတယ်​။ (၂၀၁၆-၂၀၁၇) ခုနှစ်အတွင်းမှာပဲ မိကျောင်းဆွဲခံရပြီး သေဆုံးသူ (၅) ဦး၊ ဒဏ်ရာရရှိသူ (၃) ဦး ရှိခဲ့ပါတယ်​။ (၂၀၁၈) ခုနှစ်အတွင်းမှာတော့ မိကျောင်းကိုက်ခံရပြီး ဒဏ်ရာ ရရှိသူ (၃) ဦးရှိနေပြီလို့ ဆတ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

သတင်း- ကိုလတ်​(ပုသိမ်​)(5 Plus News)
5 PLUS NEWS
https://www.facebook.com/pg/5plusnews
ဘိုကလေးမြို့နယ်မှာ ဘဝင်းပိုက်ထောင်သူ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ ဘိုကလေးမြို့နယ်မှာ ဘဝင်းပိုက်ထောင်သူ အမျိုးသားတစ်ဦး မိကျောင်းကိုက်ခံရ Reviewed by THITHTOOLWIN on 20:26 Rating: 5
Powered by Blogger.