အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၂ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

 အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Tallahassee မြို့ တွင် နိုဝင်ဘာ ၂ ရက် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ်ပစ်ခတ်သူ အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ သေနတ်ပစ်ခတ်မှု က Tallahassee မြို့ ဈေးဝယ်စင်တာ တစ်ခု အတွင်းရှိ ကိုယ်လက်အားကစား လေ့ကျင့်သည့် ခန်းမ တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ သေနတ်ပစ်ခတ်မှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့သည့် အနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန် ၄ ဦး အခြေအနေ မှာ စိုးရိမ်ရကြောင်း ၊ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီးနောက် တွင် ပစ်ခတ်သူ က မိမိ ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သေနတ် ပစ်ခတ်သူ ၏ ကိုယ်ရေးအချက်အလက် နှင့် ပတ်သက်၍ မသိရှိရသေးဘဲ Tallahassee မြို့ ပြောရေးဆိုခွင့်ရှိသူ က သေနတ် ပစ်ခတ်မှု သည် မိသားစု ပြဿနာ မှ ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၂ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၂ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.