မသင်္ကာသူ လေးဦးအား စစ်ဆေးရာမှ ဆိုင်ကယ် လေးစီးခိုးမှု ဖော်ထုတ်နိုင်ခဲ့


ရန်ကုန် ၂၀ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာ ၁၇ ရက်က လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ဇော်နောင်ထက်(၂၃)နှစ်၊ ထက်ထက်နိုင် (ခ)ထက်ထက်(၂၄)နှစ်၊ မိုးထက်(ခ) အောင်ပု(၂၂)နှစ်တို့အား CANDA CZI ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ အဆိုပါ ဆိုင်ကယ်အား နိုဝင်ဘာ ၁၆ ရက် ည ၁၁ နာရီခန့်က လှိုင်သာယာမြို့နယ် (၅)ရပ်ကွက် အတွင်း ရပ်ထားသည့် ဆိုင်ကယ်အား ခိုးယူခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအပြင် ဝေစိုး(ခ)ဝေအ(ခ)ဖြိုးလေးပါ ပါဝင်ကြောင်း ပေါ်ပေါက်ချက်အရ လိုက်လံစမ်းစုံရာ နိုဝင်ဘာ ၁၈ ရက် ညနေ ၅ နာရီတွင် ပီမိုးနင်းလမ်းပေါ်မှ ဝေစိုး(ခ)ဝေအ (ခ)ဖြိုးလေး(၂၃)နှစ် အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ လေးဦးအား ခိုးမှုများနှင့် တိုက်ဆိုင်စစ်ဆေးရာ ထက်ထက်နိုင်(ခ)ထက်ထက်နှင့် ဝေစိုး(ခ)ဝေအ(ခ)ဖြိုးလေးတို့သည် နိုဝင်ဘာ ၉ ရက် ညပိုင်းက တွံတေးမြို့နယ်၊ တွံတေးလမ်းမကြီးတွင် ရပ်ထားသည့် BOBO CZI -125 ဆိုင်ကယ် တစ်စီး၊ နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီခန့်က တွံတေးလမ်းမကြီးတွင် ရပ်ထားသည့် Feeling 125 ဆိုင်ကယ် တစ်စီး၊ နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီခန့်က တွံတေးလမ်းမကြီးပေါ် ရပ်ထားသည့် KENBO 125 ဆိုင်ကယ် တစ်စီးတို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ လေးဦးအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့
Myanmar Digital News
https://www.facebook.com/pg/MyanmarDigitalNews
မသင်္ကာသူ လေးဦးအား စစ်ဆေးရာမှ ဆိုင်ကယ် လေးစီးခိုးမှု ဖော်ထုတ်နိုင်ခဲ့ မသင်္ကာသူ လေးဦးအား စစ်ဆေးရာမှ ဆိုင်ကယ် လေးစီးခိုးမှု ဖော်ထုတ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 08:53 Rating: 5
Powered by Blogger.