တရုတ်စစ်စခန်းဆောက်လုပ်မှု ကမ္ဘောဒီးယားငြင်းဆို

၂ဝဝ၇ ခုနှစ်က တရုတ်နိုင်ငံမှလှူဒါန်းသည့် ရေတပ်ကင်းလှည့်မော်တော်တစီးကို ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ပြည်နယ်ရှိ ရေတပ်စခန်းတွင် တွေ့ရစဉ်။
 ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်နိုင်ငံက ရေတပ်စခန်းတည်ဆောက်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေမှာ တရုတ်နိုင်ငံက ရေတပ်အခြေစိုက်စခန်းတခု လာရောက်တည်ဆောက်နေတယ်ဆိုပြီး သတင်းထွက်တွေ ထွက်ပေါ်နေတာပါ။ အဲဒီဒေသဟာ ထိုင်းပင်လယ်ကွေ့မှာရှိပြီး တောင်တရုတ်ပင်လယ်ပြင် ထွက်ပေါက်တခုလည်း ဖြစ်ပါတယ်။

တရုတ်က ရေတပ်စခန်း တည်ဆောက်နေတယ်ဆိုတဲ့ သတင်းအတွက် စိုးရိမ်ကြောင်း အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်ထံက စာတစောင်ကို သူရရှိခဲ့ကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နိုင်ငံခြားတပ်ဖွဲ့တွေ စစ်စခန်းတွေ လာရောက်အခြေချခွင့်ကို ပိတ်ပင်ထားကြောင်း ဝန်ကြီးချုပ် ဟွန်ဆင်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားကို ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ ချေးငွေတွေ၊ အခြေခံ အဆောက်အအုံတည်ဆောက်မှုနဲ့ ရင်းနှီးမြုပ်နှံမှု အကူအညီတွေ ပေးထားပါတယ်။ အပြန်အလှန်အားဖြင့် ကမ္ဘောဒီးယားဟာ တရုတ်အစိုးရရဲ့ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်နေတာပါ။ တရုတ်နိုင်ငံရဲ့ အကူအညီဟာ ဝန်ကြီးချုပ်ဟွန်ဆင်အတွက် ကမ္ဘောဒီးယားမှာ ၃၃ နှစ်ကြာ အာဏာဆုတ်ကိုင်ထားနိုင်စေတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်စစ်စခန်းဆောက်လုပ်မှု ကမ္ဘောဒီးယားငြင်းဆို တရုတ်စစ်စခန်းဆောက်လုပ်မှု ကမ္ဘောဒီးယားငြင်းဆို Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.