မော်လမြိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား၍လူသေဆုံး


မော်လမြိုင် နိုဝင်ဘာ ၅
===============
မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်းကျေးရွာအုပ်စု ခရွန်း ရှမ်းကျေးရွာ မော်လမြိုင်-မုဒုံ ကားလမ်းပေါ်၌ ယမန်နေ့ ညနေ ၆ နာရီခွဲက မော်လမြိုင်ဘက်မှ မုဒုံဘက်သို့ မုဒုံမြို့နယ် ကင်း ချောင်းကျေးရွာ (၃)လမ်းနေ လှိုင် မင်းသူ(၂၂နှစ်)မောင်းနှင်လာသော SKAT DUMP Truck အမျိုး အစား၊အနီရောင်ယာဉ်အမှတ် 5E/ ----သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ သွားပြီး မျက်နှာချင်းဆိုင်ဘက်မှ မော်လမြိုင်မြို့ သာယာအေးရပ် ကွက်နေဦးမင်းမောင်မောင်(၄၆နှစ်) မောင်းနှင်ပြီး နံဘေးတွင် ¤င်း၏ ဇနီး မဖြူဖြူပိုင်(၂၉နှစ်)လိုက်ပါ စီးနင်းလာသည့် Mitsubishi Canter အမျိုးအစားဖြူ/စိမ်းရောင်ယာဉ် အမှတ် 2A/--- ကို ဝင်ရောက် တိုက်မိခဲ့ကြောင်း၊ ယာဉ်တိုက်မှု ကြောင့် ဦးမင်းမောင်မောင်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပွန်းခြစ် ဒဏ်ရာ(စိုးရိမ်ရ)၊ မဖြူဖြူပိုင်တွင် နဖူးနှင့် ယာခြေပွန်းခြစ်ဒဏ်ရာ (စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့သဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ဦးမင်းမောင်မောင် မှာ သေဆုံးသွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မုပွန် နယ်မြေရဲစခန်းမှ လှိုင်မင်းသူ အပေါ် ယာဉ်(ပ)၃၉/၂ဝ၁၈၊ ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄(က)/ ၃၃၈ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
https://www.facebook.com/pg/uniondaily.net/posts/?ref=notif
မော်လမြိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား၍လူသေဆုံး မော်လမြိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား၍လူသေဆုံး Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.