ဆိုင်ကယ်တက္ကစီ သမားကို ဓားနှင့်ထိုးကာ ဆိုင်ကယ်အား လုယက်ယူဆောင်သွားသူကို ဖော်ထုတ်ဖမ်းဆီးရမိ


မြဝတီ နိုဝင်ဘာ ၎

ကရင်ပြည်နယ် မြဝတီမြို့တွင် ဆိုင်ကယ်တက္ကစီသမားကို ဓားနှင့်ထိုးကာ ဆိုင်ကယ်အား လုယက်ယူဆောင်သွားသူကို နိုဝင် ဘာ ၃ ရက် နံနက်ပိုင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၅ ရက် ည၇နာရီခွဲအချိန်ခန့်က မြဝတီမြို့၊ အမှတ်(၃) ရပ်ကွက်၊ သုညဂိတ်ရှိ ဆိုင်ကယ်တက္ကစီ ဂိတ်သို့ လူငယ်နှစ်ဦးရောက်ရှိလာပြီး ဆိုင်ကယ်တက္ကစီငှားရမ်း၍ ဦးကြည်ခိုင်နှင့် မောင်အောင်သက်ပိုင်တို့နှစ်ဦးမှ လိုက်ပါပို့ဆောင် ပေးရာဦးကြည်ခိုင်မှာ ဆိုင်ကယ်စက်ရပ်သွား၍ ကျန်ခဲ့ရာမှ ရှာဖွေရန် အောင်သက်ပိုင်မှ ၎င်းဆိုင်ကယ်အား ငှားရမ်းစီးနင်းသူ နန်းဝင်း ဆိုသူအား မေးမြန်းရာဦးကြည်ခိုင်နှင့်အတူ ကျန်ခဲ့သူမှာ ရဲဇော် ဆိုသူဖြစ်ကြောင်း ၎င်းနေထိုင်သည့် နေရာကို သိကြောင်း ပြောပြသိရှိရသဖြင့် ရဲဇော် ငှားရမ်နေထိုင်သည့် နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့ရာ ရောက်ရှိသေးခြင်းမရှိ၍ နန်းဝင်း နေထိုင်သည့် နေအိမ်သို့ လိုက်ပါပို့ဆောင်ခဲ့ပြီး ဆိုင်ကယ်ကယ်ရီခ ရှင်းပေးနေစဉ် အော်သံကြား၍ သွားရောက်ကြည့်ရှုရာ ကိုကြည်ခိုင်တွင် ဒဏ်ရာများရထားသည့်အတွက် မေးမြန်းရာ ဆိုင်ကယ်ငှားရမ်းစီးသည့်သည့်လူငယ်က ဓါးဖြင့် သုံးချက်ထိုးပြီး ဆိုင်ကယ်အား လုယက်ယူဆောင်သွားကြောင်း ပြောပြသိရှိခဲ့ ရသည်။

ဓါးဖြင့်ထိုးခံရခြင်းကြောင့် ဦးကြည်ခိုင်တွင် ယာနံရိုးအောက် ထိုးသွသ်ဒဏ်ရာ သုံးချက်ရရှိခဲ့သဖြင့် မြဝတီဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး နန်းဝင်း၏ပြောပြချက်အရ ဆိုင်ကယ်ငှားရမ်းစီးပြီး ဓါးဖြင့်ထိုး၍ ဆိုင်ကယ်လုယူသွားသူမှာ ရဲဇော်၊ ၁၉နှစ်၊ သစ္စာမဂ္ဂင်လမ်း၊ငှက်ပျောတောရပ်ကွက်၊ အမှတ် ၃ ရပ်ကွက် မြဝတီမြို့နေသူဖြစ်ကြောင်း သိရှိရ၍ မြဝတီမြို့မရဲစခန်းက (ပ)၈၆၄/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် ရဲဇော်အား အမှုဖွင့်အရေးယူ ထားပြီး ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်နိုင်ထွန်းဦးစီးအဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာမှ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ ရေလယ်ကျွန်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ဦးစီး၍ ရဲဇော်ထံမှ ပြစ်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့သည့် ဓါးနှင့် လုယက်ယူဆောင်သွားသော ဆိုင်ကယ်တို့ကို လိုက်လံ သိမ်းဆည်းခဲ့ပြီး တရားစွဲတင်ပို့နိုင်ရေးဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်တက္ကစီ သမားကို ဓားနှင့်ထိုးကာ ဆိုင်ကယ်အား လုယက်ယူဆောင်သွားသူကို ဖော်ထုတ်ဖမ်းဆီးရမိ ဆိုင်ကယ်တက္ကစီ သမားကို ဓားနှင့်ထိုးကာ ဆိုင်ကယ်အား လုယက်ယူဆောင်သွားသူကို ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.