အလှူအိမ်တွင်ကျွေးသည့်အစားအစာများ စားပြီး လူ ၈၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား


သထုံ နိုဝင်ဘာ ၂

မွန်ပြည်နယ်၊သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် နိုဝင်ဘာလ ၂ ရက်၊ မွန်းလွဲပိုင်းက မွေးနေ့အလှူပွဲတစ်ခုမှ ဧည့်ခံသည့် အစားအစာများ စားသောက်ရာမှ လူ ၈၀ ကျော်ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သိမ်ဆိပ်ရပ်ကွက်၊ မင်းလမ်းတွင် နံနက် ၁၀ နာရီခွဲခန့်က ပြုလုပ်သည့် ကလေးမွေးနေ့အလှူတစ်ခုမှ ဧည့်ခံကျွေးမွေးသည့် ခေါက်ဆွဲကြော်၊ ရေခဲမုန့်၊ ပဲကြမ်းကြော်၊ လဖက်သုပ်များစားသောက် သူများ မွန်းလွဲ ၁ နာရီခွဲခန့်မှစတင်ကာအော့အန်မူးဝေ၍ သိမ်ဆိပ် တိုက်နယ်ဆေးရုံသို့အရေးပေါ်လာရောက်ပို့ဆောင်ကုသကြရာ ကလေးလူကြီး စုစုပေါင်း ၈၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရိသူတစ်ဦး၏ ပြေကြားချက်အရ သိရသည်။

`ဒီမှာ စောင့်ကြည့် ကုသပေးနေသလို သထုံခရိုင်ဆေးရုံကြီးကို လည်း တစ်ချို့ခွဲပို့ပြီး စောင့်ကြည့်ကုသနေပါတယ်၊ စိုးရိမ်ရတဲ့အနေအထားရှိသူမတွေ့သေးပါဘူးအစားအစာတွေ
ကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ ရန်ကုန်ကိုချက်ချင်းပို့ထားပါတယ်´ ဟု သထုံမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးစိုးအောင်က ပြောသည်။

အဆိုပါ ဖြစ်ပွားရာသို့ သထုံခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဒေါ်သင်းသင်းအိ နှင့်သက်ဆိုင်ရာတာဝန်ရှိ သူများ၊ရဲတပ်ဖွဲ့ဝင်များ၊ လူမူကူညီရေးအသင်းများကလိုအပ်သည် များကိုကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

သက်ဦး(သထုံ)
https://www.facebook.com/MYANMAALINNNEWS/
အလှူအိမ်တွင်ကျွေးသည့်အစားအစာများ စားပြီး လူ ၈၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား အလှူအိမ်တွင်ကျွေးသည့်အစားအစာများ စားပြီး လူ ၈၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.