နေအိမ်ဖယ်ရှားတဲ့ ထွေအုပ်၊ စည်ပင်နဲ့ ရဲတွေကို အရေးယူပေးဖို့ ဦးတည်လျှောက်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျူးကျော်အိမ်တွေကို စည်ပင်နဲ့ ရဲက ၂၀၁၈ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖယ်ရှားရှင်းလင်းခဲ့စဉ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အုံအင်းဘုရားအနီးက လယ်ယာမြေ ၂ ဧကကို အောင်မြင်သူ ကုမ္ပဏီက ပိုင်ဆိုင်တယ်ဆိုကာ လာရောက်ရှင်းလင်းဖယ်ရှားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ဖယ်ရှားခံရသူတွေက ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီနေ့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အဆောက်အဦးတွေကို အမိန့်စာတစ်စုံတစ်ရာမပါရှိဘဲ အကြမ်းဖက်ဖျက်စီးပြီး ခြံစည်းရိုးကာရံခဲ့တာဖြစ်တယ်လို့ တောင်သူ ဒေါ်သောင်းကြည် က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြေဂရန်လျှောက်ထားတဲ့အခါမှသာ အောင်မြင်သူကုမ္မဏီက ပိုင်ဆိုင်တယ်ဆိုတာကို သိရှိခဲ့ကြ ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြေယာပြန်ရရှိရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု တောင်သူလယ်သမား၊ အလုပ်သမားအင်အားစုပါတီကို အကူအညီတောင်းထားတဲ့အတွက် မြေပြန်ရဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် မြေယာကော်မတီတာဝန်ခံ ကိုလှိုင်ဘွား က ပြောပါတယ်။

တရားရုံးက တောင်သူတွေရဲ့ လျှောက်ထားမှုကို ဒီဇင်ဘာလ ၄ရက်နေ့မှာ လက်ခံ မခံ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
နေအိမ်ဖယ်ရှားတဲ့ ထွေအုပ်၊ စည်ပင်နဲ့ ရဲတွေကို အရေးယူပေးဖို့ ဦးတည်လျှောက် နေအိမ်ဖယ်ရှားတဲ့ ထွေအုပ်၊ စည်ပင်နဲ့ ရဲတွေကို အရေးယူပေးဖို့ ဦးတည်လျှောက် Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.