သစ်တွေတင်လာတဲ့ကား ကိုတားနေစဉ်မောင်းပြေးလို့သေနတ်နဲ့ပစ်ရာက ယာဉ်မောင်းသေဆုံး


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲခူးရိုးမတောင်ပေါ် မြောက်ဇာမဏီ(၄၁)မိုင်သစ်တောဂိတ်မှာ သစ်တွေတင်လာတဲ့ကားတစ်စီး ကိုတားဆီးရာ ကားမရပ်ပဲမောင်းပြေးတာကြောင့် သစ်တောရဲ ကသေနတ်တဲ့ ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းသေဆုံးခဲ့ပါတယ်။


သစ်နဲ့မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့သတင်းအရ နိုဝင်ဘာ(၇)ရက် ည(၈)နာရီခွဲဝန်းကျင်မှာ မြောက်ဇာမဏီ(၄၁) မိုင်သစ်တော ဂိတ်မှာသစ်တောရဲလုံခြုံရေး ရဲတပ်ဖွဲ့ဝင် ရဲတပ် ကြပ်ကြီးရဲမင်းဦးကစစ်ဆေးရေးလုပ်ဆောင်ဖို့ ကားကိုတားရာ ရပ်တန့်ခြင်းမရှိပဲမောင်းပြေးခဲ့တာဖြစ်ပါတယ်။


ဒီလိုမောင်းပြေး တာကြောင့် တပ်ကြပ်ကြီးရဲမင်းဦးကဆိုင်ကယ်နဲ့လိုက်ပြီး ကားကိုရပ်ဖို့ထပ်မံပြောဆိုခဲ့ပေမယ့် မရပ်ပဲ ကားပေါ်ကနေ လေးခွနဲ့ပြန်လည်ပစ်ခတ်တဲ့အတွက် ရဲတပ်ကြပ်ကြီးရဲမင်းဦးက M16သေနတ်နဲ့ ၂ချက် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း ၀င်းဇင်ရဲ့ ကျောကုန်းကိုထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်လက်ပြီး ယာဉ်ကို စစ်ဆေးရာမှာတော့ WYစာတမ်းပါ စိတ်ကြွရှုး သွပ်ဆေး(၈)ပြားနဲ့ ပျဉ်းကတိုးသစ်ခွဲသားဆိုဒ်စုံ(၀.၂၄၆)တန် ကို တွေ့ရှိခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူအလောင်းကို မြို့ချောင်းတိုက်နယ်ဆေးရုံကိုတင်ပို့ထားပြီး ဖဒိုနယ်မြေရဲစခန်းက ဆက်လက်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။


သတင်း၊ဓာတ်ပုံ-ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 PLUS NEWS
https://www.facebook.com/pg/5plusnews
သစ်တွေတင်လာတဲ့ကား ကိုတားနေစဉ်မောင်းပြေးလို့သေနတ်နဲ့ပစ်ရာက ယာဉ်မောင်းသေဆုံး သစ်တွေတင်လာတဲ့ကား ကိုတားနေစဉ်မောင်းပြေးလို့သေနတ်နဲ့ပစ်ရာက ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.