အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး


မိုးညှင်း နိုဝင်ဘာ ၅
=============
ကချင်ပြည်နယ် မိုးညှင်းမြို့ အုတ်ကျင်းဒေသစိတ် အောင်ချမ်း သာရပ်ကွက်တွင်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့သဖြင့် မိုးညှင်း မြို့မရဲစခန်းမှ သေမှုသေခင်းရေး ဖွင့်ထားခဲ့သည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ ည ၈ နာရီခွဲခန့်က မိုးညှင်းမြို့မရဲစခန်း တွင်ဒုရဲမှူးတင်ဝင်းသည် စခန်းမှူး တာဝန်ထမ်းဆောင်နေစဉ် အောင် ချမ်းသာရပ်ကွက် အိမ်အမှတ်(အခ သ/၁၁၇)ဦးစိုးနိုင်၏နေအိမ်တွင် ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွားကြောင်း အောင်ချမ်းသာရပ်ကွက်ရာအိမ်မှူး ဦးညိုကြီးကအကြောင်းကြားခဲ့သဖြင့် တာဝန်မှူးဒုရဲအုပ်ကျော်မင်းနိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် တင်ဝင်း၊ ဒုတပ်ကြပ်စန်းအောင်၊ တပ်သားအောင်ကိုမင်းနှင့်တပ်ဖွဲ့ ဝင်များသည် သက်သေများဖြစ် သောအုတ်ကျင်းရပ်ကွက်အုပ်ချုပ် ရေးမှူးဦးစောမောင်၊အောင်ချမ်းသာ ရပ်ကွက် ရာအိမ်မှူးဦးညိုကြီးတို့ နှင့်အတူ သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သေဆုံးသူမှာ ဦးစိုးနိုင်ဖြစ်ပြီး နေ အိမ်အောက်ထပ်အမြင့်ခြောက်ပေခွဲ ခန့်ရှိ မိချောင်းတန်းတွင် ရွှေငါး တံဆိပ်ပါအမျိုးသားဝတ်ပုဆိုးအား အသုံးပြုလျက်ကြိုးဆွဲချသေဆုံးနေ ပြီးနှာခေါင်းမှနှာရည်ထွက် ပါးစပ် မှသွေးနှင့်သွားရည်ထွက်လျှာကိုက် လျက်သေဆုံးနေသည်ကို ညအချိန် အိမ်အောက်သို့ဆင်းသူမဇင်ဝေဖြိုး (၂၁နှစ်) (သေဆုံးသူ၏သမီး)က စတင်တွေ့မြင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

သေဆုံးသူ၏ဇနီးဖြစ်သူဒေါ်စန်း စန်းမြင့်က''သူကလွန်ခဲ့တဲ့နှစ်က စပြီး အရက်အလွန်အကျွံသောက် ရာ စိတ်ကမူမမှန်ဖြစ်နေပြီး အခု ရက်ပိုင်း မန္တလေးပြန်ချင်တယ်လို့ ဟြေပေမယ့် မိသားစုကစိတ်မချ လို့ပြန်ခွင့်မပေးတာကိုစိတ်ညစ်ပြီး အခုလိုကြိုးဆွဲချ သေဆုံးတာလို့ ထင်ပါတယ်''ဟု ဟြေကြားခဲ့ သည်။ ထိုသို့ ဦးစိုးနိုင်(၄၉နှစ်) ချမ်းသာရပ်ကွက် အိမ်အမှတ် (အခသ/၁၁၇)မိုးညှင်းမြို့ နေထိုင် သူသေဆုံးမှုအား မိုးညှင်းမြို့မရဲ စခန်းမှသေမှုသေခင်း အမှတ်စဉ် (၅၅/၂ဝ၁၈) ဖြင့် ရေးဖွင့်ထားခဲ့ ကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
https://www.facebook.com/pg/uniondaily.net/posts/?ref=notif
အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.