အရက်ဖြတ်ရန် သင်္ကန်း ဝတ်နေသူ တစ်ဦး မိမိလည်ပင်းကို ဓားဖြင့်လှီး၍သေဆုံး


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ အရက်ကြောင်နေမှုကြောင့် အရက်ဆက်မသောက်လိုဘဲ အရက်ဖြတ်ရန် သင်္ကန်းဝတ်နေစဉ် ရက်ပိုင်းအတွင်း မိမိလည်ပင်းကို ဓါးဖြင့် လှီး၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့မ ရဲစခန်းမှ သိရှိရသည်။

 သေဆုံးသူမှာ နိုဝင်ဘာ ၁ ရက်က အရက်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် သင်္ကန်းဝတ်ခဲ့ပြီးနောက် နိုဝင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် မီးဖိုချောင်သုံးစတီးဓါးဖြင့် ၎င်း၏ လည်ပင်းကို လှီးဖြတ်ပြီး သွေးများ ထွက်နေသည်ကို အတူတူအိပ်သော ဦးဇင်းများမှ တွေ့ရှိပြီး ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံသို့အရောက် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။“သူက အရက်ကြောင်ကြောင်နေတယ်လို့သိရတယ်။ သူလည်ပင်းသူ ဓါးနဲ့ပြန်လှီးတာ ဓမ္မတာတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်တော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။”ဟု ပြည်မြို့မ ရဲစခန်းမှ ရဲရာရှိ တစ်ဦးက ပြောသည်။

 သေဆုံးသူမှာ ၃၄ နှစ်အရွယ်ရှိသော ကိုမောင်မောင်လွင်ဖြစ်ပြီး ရပ်ကွက်အတွင်းနေထိုင်စဉ်ကလည်း အရက်အလွန်အကျွံသောက်သူဖြစ်ကာ အရက်ကြောင်ကြောင်နေပြီး လွန်ခဲ့သော သုံးလခန့်ကလည်း ၎င်း၏ လက်နှင့် ဝမ်းဗိုက်များအား ဓါးဖြင့် လှီးခြင်း ထိုးခြင်းများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။အမှုနှင့်ပတ်သက်၍ ပြည်မြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၃/၂၀၁၈ ဖြင့် သေမှုသေခင်းဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
အရက်ဖြတ်ရန် သင်္ကန်း ဝတ်နေသူ တစ်ဦး မိမိလည်ပင်းကို ဓားဖြင့်လှီး၍သေဆုံး အရက်ဖြတ်ရန် သင်္ကန်း ဝတ်နေသူ တစ်ဦး မိမိလည်ပင်းကို ဓားဖြင့်လှီး၍သေဆုံး Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.