တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ်ဂိတ်တွင် သိန်း ၁၇၀ ကျော်တန်ဖိုးရှိ ဘိန်းစာမှုန့် များ ဖမ်းဆီးရမိ


9.11.2018

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်တွင် သိန်း ၁၇၀ ကျော်တန်ဖိုးရှိ ဘိန်းစာမှုန့်များကို နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးရမိကြာင်းသိရပါတယ်။


မောတောင်နယ်မြေစခန်းမှူး ရဲအုပ်ဝင်းလှိုင်နှင့်အဖွဲ့သည် မူးယစ်ဆေးသတင်းအရ မောတောင်နယ်စပ်ဂိတ်တွင်စစ်ဆေးနေစဉ် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ၊ တကောဖောလူကျေးရွာဘက်မှ ကိုပေါ့(၁၈)နှစ်၊မောင်းနှင်ပြီး ထိုင်းနိုင်ငံ၊ဖက်ပိုရီမြို့မှ ကိုလက်(၁၉)နှစ်၊ နှင့် ကိုခေါင်(၃၇)နှစ်၊ လိုက်ပါလာတဲ့ တိုယိုတာဟိုက်လပ်(တစ်ခန်းခွဲ) ကားအား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ငှက်ပျောခိုင်များဖြင့်ဖုံးအုပ်၍ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဘိန်းစာမှုန့် ၁၂ အိတ်၊ စုစုပေါင်း အလေးချိန် ၂၆၆ ကီလိုဂရမ် ကာလတန်ဖိုး(၁၇,၂၉၀,၀၀၀)ကျပ် အား ရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။


ဘိန်းစာမှုန့်များအား သယ်ဆောင်လာသူ ကိုပေါ့(၁၈)နှစ်၊ ကိုလက် (၁၉)နှစ်၊ နှင့် ကိုခေါင် (၃၇)နှစ်တို့အား မောတောင်နယ်မြေရဲစခန်းမှ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ