လားရှိုးက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးမည်

လားရှိုးမြို့က စစ်ဘေးရှောင်စခန်းကို လာရောက်ကြည့်ရှုတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး ကို ၂၀၁၈ နိုဝင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်
လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်အမြန်ဆုံးပြန်နိုင်အောင် အတတ်နိုင်ဆုံး အကူအညီ ပေးသွားမယ်လို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး က ပြောပါတယ်။

ဒီကနေ့ လားရှိုးမြို့ပေါ်မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေကို လိုက်လံကြည့်ရှုရင်း ဒေသခံတွေနဲ့ တွေ့ဆုံချိန် ပြောကြားခဲ့တာဖြစ်ပါတယ်။

အီနိုင်းကျေးရွာအုပ်စု မန်ပြိန်းကျေးရွာတစ်ဝိုက်မှာ SSPP နဲ့ RCSS တပ်ဖွဲ့တွေ အောက်တိုလ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်တာကြောင့် အီနိုင်းကျေးရွာအုပ်စုအတွင်းက ဒေသခံတွေဟာ လာရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။

မနေ့ကထိ လားရှိုးမြို့ပေါ် မန်ဆူဘုန်းတော်ကြီးကျောင်း ရပ်ကွပ် ၉ အနောက်ပိုင်း ကချင်အသင်းတော်ကျောင်နဲ့ ရပ်ကွက် ၁၂ ကက်သလစ်ကျောင်းတွေမှာ စစ်ဘေးဒုက္ခသည် ၁၄၀၀ လောက် ခိုလှုံနေရတာဖြစ်ပါတယ်။

SSPP နဲ့ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အီနိုင်းကျေးရွာဘက်ကို မနေ့ကစပြီး အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

RFA Burmese
https://www.rfa.org
လားရှိုးက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးမည် လားရှိုးက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အမြန်ဆုံးဆောင်ရွက်ပေးမည် Reviewed by THITHTOOLWIN on 19:44 Rating: 5
Powered by Blogger.