အလုံမြို့နယ်၌ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုအတွင်း ဝင်ရောက်မွှေနှောက်ပြီး မန်နေဂျာဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားသည့် မျက်နှာဖုံးစွပ်လူစုမှ နှစ်ဦးအား ဖမ်းဆီးရမိ၊


ရန်ကုန် နိုဝင်ဘာ ၁၂

ရန်ကုန်မြို့ အလုံမြို့နယ်၌ ယနေ့ ညနေပိုင်းတွင် မျက်နှာဖုံးစွပ်လူတစ်စုက ကုမ္ပဏီ အတွင်း ဝင်ရောက်မွှေနှောက်ပြီး မန်နေဂျာဖြစ်သူအား မော်တော်ယာဉ်တစ်စီး နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားရာ ပြစ်မှုကျူးလွန်သူနှစ်ဦးအား လှည့်ကင်းအဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးရမိပြီး ထွက်ပြေးတိမ်းရှောင်သွားသူများအား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်တွင် အလုံမြို့နယ် မင်းရဲကျော်စွာလမ်း ရှိ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုအတွင်းသို့ လိုက်ထရပ် အဖြူရောင်ယာဉ် ဖြင့် မျက်နှာဖုံးစွပ် လူတစ်စုက တုတ်၊ ဓားများ ကိုင်ဆောင်ဝင်ရောက်လာပြီး ကုမ္ပဏီ ဝန်ထမ်းဖြစ်သူ နှစ်ဦးကို ကြိုးတုပ်ကာ ကုမ္ပဏီအတွင်း ဝင်ရောက်မွှေနှောက်ခဲ့ ကြောင်း၊ ထို့နောက် ကုမ္ပဏီရုံးခန်းအတွင်း တပ်ဆင်ထားသည့် စီစီတီဗွီကို ဖြုတ်ယူ ပြီး ယင်းကုမ္ပဏီ၏ မန်နေဂျာ ဦးမြင့်စိန်ကို ¤င်း၏ ကိုယ်ပိုင်ယာဉ် လင်ခရူဆာ နှင့်အတူ ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါသတင်းကို ရလျှင်ရချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မြို့နယ်အလိုက် လှည့်ကင်းယာဉ်များဖြင့် ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေဖမ်းဆီး ခဲ့ရာ ဒဂုံအရှေ့မြို့နယ်နေ သူရနှင့် စိုးကျော်ကျော်လွင်တို့နှစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ¤င်းတို့ ခေါ်ဆောင်သွားသည့် ဦးမြင့်စိန်ကို ည ၇ နာရီခွဲ ခန့်တွင် ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်ရှေ့၌ လင်ခရူဆာယာဉ်နှင့်အတူ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဦးမြင့်စိန်၏ ပြောပြချက်အရ မျက်နှာဖုံးစွပ်လူစုတွင် လူငါးဦးခန့်ပါရှိကြောင်း သိရှိရသဖြင့် ထွက်ပြေးတိမ်းရှောင်သွားသူများနှင့် ¤င်းတို့စီးနင်းလာသည့် လိုက်ထရပ်အဖြူရောင်ယာဉ်ကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အလုံမြို့နယ်၌ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုအတွင်း ဝင်ရောက်မွှေနှောက်ပြီး မန်နေဂျာဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားသည့် မျက်နှာဖုံးစွပ်လူစုမှ နှစ်ဦးအား ဖမ်းဆီးရမိ၊ အလုံမြို့နယ်၌ အင်ဂျင်ဝိုင်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခုအတွင်း ဝင်ရောက်မွှေနှောက်ပြီး  မန်နေဂျာဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားသည့် မျက်နှာဖုံးစွပ်လူစုမှ နှစ်ဦးအား ဖမ်းဆီးရမိ၊ Reviewed by THITHTOOLWIN on 10:26 Rating: 5
Powered by Blogger.